တောင်းပန်

January 27, 2019

ဗြိတိန်မင်းသားကြီး ဖိလစ် ယာဉ်မတော်တဆမှုဖြစ်၊ ဒဏ်ရာရသွားသူကို တောင်းပန်

ကားနဲ့ တိုက်မိပြီး ဒဏ်ရာရသွားခဲ့တဲ့ အမျိုးသမီးတဦးကို ဗြိတိန်ဘုရင်မကြီးရဲ့ ကြင်ယာတော် မင်းသားကြီးဖိလစ်က ပြန်လည်တောင်းပန်ခဲ့တယ်လို့  US Magazine သတင်းမှာဖော်ပြပါတယ်။ အသက် ၉၇ နှစ်အရွယ် အီဒင်ဘာ့ဂ်ျမြို့စားကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ် ၂ စီးတိုက်မှုမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ SUV ကားက အမျိုးသမီးတဦး မောင်းနှင်လာတဲ့ KIA ကားကို ဝင်တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။ မင်းသားကြီးရဲ့ Land Rover ကားက  အေ ၁၄၉ လမ်းမကြီးပေါ်ကိုအတက်မှာ ယာဉ် တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းသားကြီးဘက်က ထိခိုက်ဒဏ်ရာရရှိသွားတာ မရှိပေမယ့် အတိုက်ခံရတဲ့ ယာဉ်ပေါ်ပါ လူ ၂ ဦးမှာ အသေးစားဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီကားပေါ်မှာ ကိုးလအရွယ် ကလေးငယ်တဦးပါ ပါဝင်ခဲ့ပေမယ့် ကလေးကတော့ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်းမရှိပါဘူး။ ဒီယာဉ်တိုက်မှုမှာ အမ်မာဖဲလ်ဝဲလ်သာလို့ခေါ်တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတဦးဟာ လက်ကောက် ဝတ်ကျိုးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် တောင်းပန်စာကို မင်းသားကြီးဖိလစ်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး “ဘာဘင်လေက ယာဉ်တိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဘယ်လောက်အထိ စိတ်မကောင်းဖြစ်နေရကြောင်းကို သိစေချင်ပါတယ်” အစချီထားပါတယ်။ ဒီတောင်းပန်စာ အပြည့်အစုံကို Sunday Mirror သတင်းက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဖော်ပြထားခဲ့ပြီး “ဒီလမ်း၊ ဒီခရီးကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ဖူးပေမယ့် နေရောင်ခြည်ကြောင့် တခြားတဖက်ကလာတဲ့ ကားကိုမမြင်တွေ့ခဲ့ရဘဲ မတော်တဆ ယာဉ်တိုက်မှုကျူးလွန်မိခဲ့တယ်” လို့လည်း မင်းသားကြီးက ရေးသားထားပါတယ်။ “ဒီယာဉ်တိုက်မှုဖြစ်ပြီး ပြီးခြင်းမှာ တော်တော်လေး တုန်လှုပ်သွားခဲ့ရပေမယ့် ခင်ဗျားတို့ဘက်က ဘယ်သူမှ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရခဲ့ခြင်းမရှိတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းနဲ့ ယာဉ်တိုက်မှုအပြီး လူတွေ စုဝေးလာတဲ့အတွက် ရဲဝန် ထမ်းတဦးက ဆန်ရင်ဟမ်ကိုသာ ပြန်ဖို့ အကြံပြုခဲ့ကြောင်းလဲ မင်းသားကြီးရဲ့ တောင်းပန်စာမှာ ရေးသားဖော် ပြထားပါတယ်။ ဒီယာဉ်တိုက်မှုမှာ မင်းသားကြီးကို လမ်းသွားလမ်းလာတွေက ကားပေါ်ကနေထွက်လာနိုင်ဖို့ ကူညီပေးခဲ့ရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ မင်းသားကြီးရဲ့ တောင်းပန်စာကို ယာဉ်တိုက်မှုဖြစ်ပွားအပြီး ခြောက်ရက်အကြာမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ဒီတောင်းပန်စာကြောင့် အံ့သြမှင်သက်မိတယ်လို့ ဖဲလ်ဝဲလ်သာက Sunday Mirror သတင်းကိုပြောပါ တယ်။
2 years Ago

December 18, 2017

ပီရူးသမ္မတ ပြည်သူများအား တောင်းပန်

ပီရူးသမ္မတ ကူချန်စကီက သူဟာ အကျင့်ပျက်သူ မဟုတ်ကြောင်းနဲ့ အိုဒီဘရက်ခ်ျ ကုမ္ပဏီနဲ့ အဆက်အသွယ် ရှိတာကို မရှင်းပြမိခဲ့တဲ့အတွက် ပြည်သူတွေကို တောင်းပန် လိုက်ပါတယ်။ သမ္မတ ကူချန်စကီဟာ  ဒီဇင်ဘာ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ “အိုဒီဘရက်ခ်ျနဲ့ အဆက်သွယ်ရှိတာကို မရှင်းပြမိခဲ့တဲ့အတွက် ပီရူးပြည်သူတွေကို တောင်းပန်ချင်ပါတယ်။ ဒီကိစ္စတွေဟာ ၁၀ နှစ် မဟုတ် ဒီထက်မက ကြာခဲ့ပါပြီ။ ကျနော် မလိမ်ပါဘူး။ ကျနော်ဟာ အကျင့်ပျက်သူ မဟုတ်ပါဘူး။ ကျနော်သာ အကျင့်ပျက်သူ ဆိုရင် အဲဒီအရောင်းအ၀ယ်တွေကို အခွန်ဆောင်နေတဲ့ ဘဏ်တွေကတဆင့် ပြုလုပ်မှာ မဟုတ်ပါဘူး။ အဲဒီ ကုမ္ပဏီတွေဟာ အမေရိကန်ပြည်ထောင်စုမှာ မှတ်ပုံတင်ထားပြီး အခွန်ဆောင်နေတာပါ။ အခု ဖြစ်နေတဲ့ကိစ္စက ဖွဲ့စည်းပုံအမိန့်ကို တိုက်ခိုက်တာဖြစ်ပါတယ်။” လို့ သမ္မတ ကူချန်စကီက ပြောကြားခဲ့ပါတယ်။ တကယ်လို့ သမ္မတ ကူချန်စကီသာ ရာထူးကနေ ဖယ်ရှားခံရပါက ဒုသမ္မတ မာတင်-ဗဇ်ကာရာက  သမ္မတတာဝန် လွှဲပြောင်း ရယူမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up