တောင်ဥက္ကလာပကျူးကျော်စာရင်းထဲက မသမာသည့်ကျူးကျော်အိမ်ထောင်စု ၃၀၀ ကိုဖယ်ရှား

June 8, 2017

တောင်ဥက္ကလာပကျူးကျော်စာရင်းထဲက မသမာသည့်ကျူးကျော်အိမ်ထောင်စု ၃၀၀ ကိုဖယ်ရှား

  တောင်ဥက္ကလာပမြို့နယ်မှာ ကနဦး စာရင်းကောက်ယူထားတဲ့ ကျူးကျော်တွေထဲက မသမာတဲ့ ကျူးကျော် အိမ်ထောင်စု ၃၀၀ လောက်ကို ကျူးကျော်စာရင်းကနေ ဖယ်ရှား လိုက်ပါတယ်။ တောင်ဥက္ကလာပမြို့နယ်က ကျုးကျော်တွေကို ဇွန်လ ၈ ရက်နေ့စပြီး ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်တွေ ထုတ်ပေးနေတာပါ။ စမတ်ကတ်တွေကို တောင်ဥက္ကလာပမြို့နယ်ထဲက ကျူးကျော် အိမ်ထောင်စုအများဆုံး ဖြစ်တဲ့ ၁၄ ရပ်ကွက်ရဲ့ ဗဟိုဓမ္မာရုံမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး ၂ ကိုယ်စားလှယ် ဦးမိုးမြင့်က “၁၄ ရပ်ကွက်မှာ အရင်က ကောက်ထားတာ ကျူးကျော် အိမ်ထောင်စု ၁၆၈၀ ကျော် ရှိတယ်။ ဒီထဲက ကျူးကျော် အနေနဲ့ မကိုက်ညီတဲ့ မသမာတဲ့ အိမ်ထောင်စု ၃၀၀ ကို ပြန်စိစစ်ပြီး ဖယ်ရှားလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ်တခုလုံးမှာ ကျူးကျော် အိမ်ထောင်စု ၃၀၀၀ ဝန်းကျင်ရှိပြီး ဇွန်လ ၉ ရက်နေ့မှာ တခြားရပ်ကွက်တွေမှာ ဆက်ထုတ်ပေးသွားမှာပါ။ ဒီမြို့နယ်မှာ ရပ်ကွက် ၁၅ ခု၊ လူဦးရေ ၁၆၀၀၀၀ ကျော် ရှိပါတယ်။
4 years Ago
Up