တောင်အမေရိကဘောလုံးအဖွဲ့ချုပ်

July 8, 2019

တောင်အမေရိက ဘောလုံးအဖွဲ့ လေးစားမှု လုံးဝမရှိဟု မက်ဆီပြော

တောင်အမေရိက ဘောလုံးအဖွဲ့အစည်းဟာ ပြိုင်ပွဲကာလတလျှောက်လုံး လေးစားမှု လုံးဝမရှိခဲ့ဘူးလို့ ကစားသမားဘဝ သက်တမ်းတလျှောက် ဒုတိယအကြိမ်မြောက် အနီကတ်ပြား ပြသခံရပြီး ကွင်းအပြင်ထွက်ခွာခဲ့ရတဲ့ မက်ဆီက ပြောကြားလိုက်ပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားနဲ့ ချီလီတို့ တွေ့ဆုံခဲ့ကြပြီး ပွဲကစားချိန် ၃၇ မိနစ်မှာ မက်ဆီနဲ့ မီဒယ်တို့ အချင်းများခဲ့ကြပါတယ်။ တဦးနဲ့တဦး ဒေါသတကြီး တွန်းထိုးခဲ့ကြလို့ ဒိုင်လူကြီးဖြစ်သူက နှစ်ဦးစလုံးကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အရင်ဆုံး ရန်ရှာခဲ့တဲ့ မီဒယ်ကိုသာ ထုတ်ပယ်တာမဟုတ်ဘဲ မက်ဆီကိုပါ ထုတ်ပယ်ခဲ့လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း ကျေနပ်မှုမရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ဆိုးရွားပြီး ညံ့ဖျင်းလွန်းတဲ့ ဒိုင်လူကြီးပြဿနာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ မက်ဆီကလည်း ဒိုင်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မပတ်သက်ခဲ့သလို သူတို့ရဲ့ ခြစားမှုကြောင့် ဘောလုံးအပေါ် ပရိသတ်တွေရဲ့ အားပေးမှု လျော့လာပြီး တဖြည်းဖြည်း ဝါးမျိုခံနေရပြီလို့ ဆက်လက်ပြောကြားပါတယ်။ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာ အာဂျင်တီးနားက ချီလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား သမိုင်းတလျှောက် ၁၄ ကြိမ်ထိ ဗိုလ်စွဲထားပါတယ်။
2 years Ago

July 24, 2015

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းကို လွှဲပေးရန် အမေရိကန် တောင်းဆို

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း နီကိုလပ်စ် လီယိုကို လွှဲပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ အမေရိကန် တရားရေးဌာနက စုံစမ်းနေတဲ့ ငွေမည်း ခ၀ါချမှုနဲ့ လာဘ်စားမှုတွေမှာ လီယိုက အဓိက သံသယရှိခံထားရတဲ့သူတဦး ဖြစ်ပြီး ပါရာဂွေးမှာ သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လီယိုကတော့ အပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။ မေလက ဖီဖာ အမှုဆောင် အရာရှိချုပ် ၇ ဦးကို ဆွစ်ဇာလန် ရဲတပ်ဖွဲ့တွေ ဖမ်းဆီးစဉ် လီယိုက ဂျီနီဗာမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ပါရာဂွေး ရဲတပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ အိမ်နီးချင်း ဘိုလီးဗီးယားမှာလည်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးမှူးကို အကျင့်ပျက် ခြစားမှုနဲ့ ဖမ်းဆီးထားပါတယ်။ တချိန်တည်းမှာပဲ ဖီဖာကို အဓိက ပံ့ပိုးမှုတွေ လုပ်နေတဲ့ ဗီဇာ ခရက်ဒစ်ကတ်ကလည်း ဖီဖာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားသလို ကိုကာကိုလာ ကုမ္ပဏီကလည်း အလားတူ တောင်းဆိုထားပါတယ်။
6 years Ago
Up