တောင်အမေရိကဇုန် ခြေစစ်ပွဲ ဘရာဇီး ၃-၁ ဗင်နီဇွဲလား (ရုပ်သံ)

A d v e r t i s e m e n t With Us

October 14, 2015

တောင်အမေရိကဇုန် ခြေစစ်ပွဲ ဘရာဇီး ၃-၁ ဗင်နီဇွဲလား (ရုပ်သံ)

အောက်တိုဘာ ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီးက ဗင်နီဇွဲလားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဘရာဇီးက အိမ်ကွင်းမှာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး နေမာ မပါဘဲနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ဦးဆောင်ဂိုးကို ပွဲအစ ၁ မိနစ်မှာ ကွင်းလယ်သမား ၀ီလီယံက သွင်းယူပါတယ်။ဒုတိယဂိုးကိုလည်း တောင်ပံကနေ ထိုးဖောက်ပြီး ၄၂ မိနစ်မှာ ၀ီလီယံကပဲ သွင်းယူပါတယ်။ ဗင်နီဇွဲလားအတွက် ချေပဂိုးကို ၆၄ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ထပ်ဆင့် သွင်းယူတာ ဖြစ်ပါတယ်။ ဘရာဇီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ် ကစားသွားပြီး ဗင်နီဇွဲလားက တန်ပြန် တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ ဘရာဇီးအသင်းအတွက် အပိတ်ဂိုးကို ၇၄ မိနစ်မှာ အိုလီဗာယာက သွင်းယူပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
5 years Ago
Up