ဟောလီးဝုဒ်ရုပ်ရှင်တွေက နိုင်ငံတနိုင်ငံ လူမျိုးတမျိုးရဲ့ ပုံရိပ်ကို လိုချင်တဲ့ ပုံရိပ်ကို ဖော်ပြလေ့ရှိပြီး ကြည့်ရှုသူတွေရဲ့ စိတ်ကူး ကြိုတင်မှန်းဆချက်ကို လွှမ်းမိုးပြောင်းလဲလိုက်ပါတယ်။
အာဖရိက နွယ်ဖွား ကျောင်းသားလေးတွေက ဟောလီးဝုဒ်ရဲ့ ပုံဖော်မှုကို ထောက်ပြပြီး ရုပ်ရှင်ကြောင့် ပြောင်းလဲသွားတဲ့ စိတ်ကူးမှန်းဆချက်ဟာ လက်တွေ့နဲ့ ကွာဟတယ်ဆိုတာကို ပြောပြပါတယ်။
ရုပ်ရှင်ထဲမှာ မြင်ရတာကို လူတွေက ယုံရင်တော့ ကျနော်တို့ကို စစ်ဘုရင်တွေနဲ့ အကြမ်း ဖက်သမားတွေအဖြစ် တွေးထင်မှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
ဟောလီးဝုဒ်က တောင်အာဖရိကတိုက်နဲ့ ပတ်သက်ရင် ပထမဆုံးစက်သေနတ်နဲ့ ပုံဖော်လေ့ရှိသလို လှေပေါ်၊ ကားပေါ်ကနေ စက်သေနတ်နဲ့ ပစ်တာ၊ ဒါအပြင် လောင်ချာတွေကို ပစ်ပြတာ၊ အကြမ်းဖက်မှုတွေကို တောင်အာဖရိက ဒေသခံတွေက စွဲလန်းနေတာတွေကို ပုံဖော်လေ့ရှိပါတယ်။
ဒါအပြင် ဒီဒေသခံတွေက အပြုံးကိုမုန်းတီးသလို စိုးရွံ့စက်ဆုပ်စရာလို့ ခံယူထားတာ တည်တည်ငြိမ်ငြိမ်နေရင် မိုက်မဲတယ်လို့ ခံယူထားသူတွေအဖြစ် ရုပ်ရှင်တွေက ပုံဖော်တယ်လို့ ဆိုပါတယ်။
အာဖရိကတိုက်မှာ စစ်မဖြစ်တဲ့ နေ့ဟာ အသက်ရှင်သန်ဖို့ မထိုက်တန်တဲ့နေ့အဖြစ် ပုံဖော်ထားပါတယ်။
ဒါပေမယ့် တောင်အာဖရိကနွယ်တွေကို ဒီလို မမြင်ဘူးမဟုတ်လားလို့ မေးထားပြီး တကယ်တော့ သူတို့တွေက ခင်မင် ရင်းနှီးတတ်တွေဖြစ်သလို သမားရိုးကျသမားတွေ မဟုတ်ဘဲ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပ်ါမှာလည်း တွေ့နိုင်တယ်လို့ ဆိုပါတယ်။ အမြင်တွေကို ပြောင်းလဲကြပါစို့လို့လည်း တိုက်တွန်းထားပါတယ်။
7 years Ago