တောင်အာဖရိကနိုင်ငံမှာ အဖော်ဆင်အုပ်စုနဲ့အတူ ရေကစားနေခဲ့တဲ့ ရှားပါး ဆင်ဖြူကလေးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။
ဆင်ကလေးဟာ ကရူဂါ ဘေးမဲ့တောထဲမှာ သြဂုတ် ၇ ရက်နေ့က ရေကစားနေခဲ့တာဖြစ်ပြီး ဒီအခိုက်အတန့်ကို ရုပ်သံရိုက်ယူထားနိုင်ခဲ့တာလို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အယ်လ်ဘီနိုလို့ခေါ်တဲ့ ဒီဆင်ဖြူကလေးတွေဟာ တွေ့ရခဲပြီး အသက်ကြီး အရွယ်ရောက်တဲ့အထိ ရှင်သန်နိုင်ချေလည်း နည်းပါးပါတယ်။
ဆေးပညာရှင်တွေရဲ့ အဆိုအရတော့ အယ်လ်ဘီနိုဆိုတာ မျိုးဗီဇဖောက်ပြန် ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်အရေပြားပေါ်မှ ရောင်ခြယ်ဆဲလ်တွေ ပျက်စီးပြီး ဖြစ်လာတဲ့ ရောဂါတမျိုးလို့ ဆိုပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆင်ဖြူကလေးဟာ ဆင်အုပ်စုကြီးရဲ့အလယ် ရေထဲမှာ ရှိနေခဲ့ပြီး ပျော်ရွှင်မြူးထူးစွာ ရေကစားနေခဲ့တာကို တွေ့မြင်ရပါတယ်။
5 years Ago