တောင်အာဖရိကကမ်းခြေတွင် ဆူနာမီလှိုင်းရိုက်ခတ်၊ အသက်လုထွက်ပြေးကြရ

March 15, 2017

တောင်အာဖရိကကမ်းခြေတွင် ဆူနာမီလှိုင်းရိုက်ခတ်၊ အသက်လုထွက်ပြေးကြရ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ ကမ်းရိုးတန်းတခုမှာ အသေးစား ဆူနာမီလှိုင်းတခု ရိုက်ခတ်ခဲ့တဲ့အတွက် ကမ်းခြေကို လာရောက်လည်ပတ်ကြသူတွေနဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို အသက်လု ထွက်ပြေးခဲ့ကြရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရေလှိုင်းလုံးကြီးတွေဟာ ကမ်းခြေကိုဦးတည်ပြီး ရိုက်ခတ်ခဲ့ချိန်မှာ လူတွေဟာ ထိတ်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးနေခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒါဘန်မြို့ ကမ်းခြေမှာ ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကမ်းခြေကို ယာယီပိတ်ထားခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီအပျက်အစီးတွေနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုးနဲ့ ကုန်ကျစရိတ်တွေကို မဆုံးဖြတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ကမ်းခြေမှ စားသောက်ဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ယာဆင် အာမွတ်ဒ်ကတော့ သူ့ရဲ့ဆိုင်ဟာ ဆူနာမီလှိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ရေလှိုင်းလုံးကြီးတွေကို ရပ်ကြည့်နေခဲ့ကြတယ်။ တဖြည်းဖြည်းနီးလာပြီး ဖုံးအုပ်လိုက်ချိန်မှာတော့ ကျနော်တို့ ပြေးဖို့ ပြင်ဆင်ဖို့ နောက်ကျသွားခဲ့ရတယ်။” သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကတော့ စနစ်တကျ စီမံတွက်ချက်မှုတွေ ပြီးသွားခဲ့ရင်တော့ ကုန်ကျစရိတ်တွေကို ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
5 years Ago
Up