တောင်သူလယ်သမားနေ့

A d v e r t i s e m e n t With Us

March 2, 2019

တောင်သူလယ်သမားနေ့ ဆရာစံဂုဏ်ပြုပွဲ မွေးဇာတိတွင် ကျင်းပ

နယ်ချဲ့တော်လှန်ရေး တောင်သူလယ်သမားခေါင်းဆောင် ဆရာစံမွေးဖွားရာဇာတိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်အရှေ့ကျေးရွာမှာ မတ်လ ၂ ရက်နေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ ဆရာစံဂုဏ်ပြုပွဲကို ပြုလုပ်ခဲ့ပါတယ်။ သရက်ကန်အရှေ့ကျေးရွာက ဆရာစံရဲ့ မွေးဖွားရာဇာတိဖြစ်ပေမယ့် ပြည်သူတွေကြားထဲမှာ လူသိနည်း အမှတ်လွဲနေတဲ့အတွက် မသိသေးတဲ့ ပြည်သူတွေ သိစေရေး၊ ဆရာစံကို အောက်မေ့သတိရခြင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ်ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ကျေးရွာနေ တောင်သူလယ်သမား၊ ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်က ချီတက်လမ်းလျှောက်တာ၊ ဆရာစံရုပ်တုကို ဂုဏ်ပြုအလေးပြုတာ၊ အမှတ်တရ ဟောပြောတာ၊ စတုဒီသာကျွေးမွေးတာ၊ အားကစားပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် တောင်သူလယ်သမားတွေဘဝက ဆင်းရဲနိမ့်ကျနေဆဲဖြစ်ပါတယ်။ သီးနှံဈေးကွက် မခိုင်မာတာ၊ မျိုးကောင်းမျိုးသန့်ပြဿနာ၊ သွင်းအားစုပြဿနာ၊ စိုက်ပျိုးစရိတ်ချေးငွေပြဿနာ၊ လယ်ယာသုံးစက်ပစ္စည်းဈေးကြီးတာ၊ ကုန်ထုတ်လမ်းပြဿနာ၊ လုပ်သားရှားပါးလာတဲ့ပြဿနာတွေလည်း အများကြီးရှိနေပါတယ်။ တောင်သူတွေဘဝ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ နိုင်ငံတော်အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့လိုသလို လက်ရှိပြဋ္ဌာန်းထားတဲ့ မျိုးစေ့ဥပဒေ၊ မြေဩဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ လယ်ယာမြေဥပဒေတွေကိုလည်း အသက်ဝင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဦးဆောင်းကျင်းပသူ ဦးသန်းဝေက ပြောပါတယ်။ အခုလို ဂုဏ်ပြုပွဲက ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး နောက်နှစ်တွေမှာလည်း ဒီထက်မက စည်စ်ာကားကား ကျင်းပသွားမယ်လို့ ဆိုပါတယ်။
2 years Ago

March 2, 2018

တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စကားဝိုင်း ဓနုဖြူတွင် ကျင်းပ

ဒီကနေ့ ​မတ်​လ​ ၂ ရက်​မှာကျရောက်တဲ့ တောင်​သူလယ်​သမား​နေ့ အထိမ်းအမှတ် ​ဂုဏ်​ပြုပွဲ ​တောင်​သူလယ်​သမား စကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်​ ဇီးဖြူကုန်း​ကျေးရွာမှာ ကျင်းပခဲ့ပါတယ်​။ ဒီစကားဝိုင်းကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ လမ်းညွှန်​ချက်​နဲ့ ​တောင်​သူလယ်​သမားဘဝ ဖွံ့ဖြိုးတိုးတက်​​ရေးအသင်းက ဦး​ဆောင်​ကျင်းပတာဖြစ်​ပြီး ဧရာဝတီတိုင်း၊ ရန်​ကုန်​တိုင်း၊ ပဲခူးတိုင်း၊ မ​ကွေးတိုင်း၊ မန္တ​လေးတိုင်းက ​တောင်​သူလယ်​သမား ကိုယ်​စားလှယ်​နဲ့​ တောင်​သူလယ်​သမား ဦး​ရေ တစ်သောင်း​​ကျော်​ တက်​​ရောက်​ခဲ့ပါတယ်​။ စကားဝိုင်းက​နေ လယ်​ယာလုပ်​ငန်း လုပ်​ကိုင်​ဖို့၊ နှစ်​ရှည်​​ချေး​ငွေရဖို့၊ လယ်​ယာ​မြေ သိမ်းဆည်းခံရမှု အမှုအခင်း​တွေကို အမြန်​ဆုံး စစ်​​ဆေး​ပေးဖို့၊ လယ်​ယာထွက်​ကုန်​ပစ္စည်း​တွေကို လွတ်​လပ်​စွာ ​ရောင်းချနိုင်​ဖို့ စတဲ့ အချက်​ ၆ ချက်​ကိုဆောင်ရွက်ပေးဖို့  စိုက်​ပျိုး​ရေး​၊ မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးနဲ့ ဧရာဝတီတိုင်း​ဒေသကြီး ဝန်​ကြီးချုပ် ​အပါအဝင် ​အစိုးရအဖွဲ့ဆီ ​တောင်းဆိုခဲ့ကြပါတယ်​။ သတင်း - ရူပါအောင်ဝင်း
3 years Ago
More News
Up