တောင်သူတဦး

June 30, 2018

တောင်သူတဦး စိုက်ဘဏ်မှချေးလာသည့် ငွေအားလုံး ခါးပိုက်နှိုက်ခံရ

တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ဇွန် ၂၉ ရက်နေ့က စိုက်ပျိုးစရိတ် ချေးငွေသွားရောက်ထုက်ယူတဲ့ တောင်သူတဦး ချေးငွေ ၁၉ သိန်း ခါးပိုက်နှိုက်ခံခဲ့ရပါတယ်။ ခါးပိုက်နှိုက်ခံရသူ တောင်သူ ဦးသိန်းနိုင်က "ကျနော်က မနက် ၉ နာရီအချိန်ကတည်းက စိုက်ဘဏ်ကိုရောက်ပြီး စောင့်နေတာ။ ကျနော်က လယ် ၈ ဧက၊ သားက ၈ ဧက၊ နှစ်ယောက်ပေါင်း ၁၆ ဧကကို တစ်ဧက ၁ သိန်းခွဲနှုန်းနဲ့ ၁၉ သိန်းကို နေ့လယ် ၂ နာရီကျော်မှာ ချေးငွေထုက်ရတယ်။ ပိုက်ဆံရယ်၊ အိမ်ထောင်စုစာရင်း မှတ်ပုံတင်တွေကို မိုးကာနဲ့ပတ်ပြီး လွယ်အိတ်ထဲထည့်ထားတာ။ သားဖနှစ်ယောက်ဆိုင်ကယ်နဲ့ပြန်လာပြီး လမ်းကျတော့မှ လွယ်အိတ်ကို ကိုင်ကြည့်တော့ လွယ်အိတ်က ကွဲနေတယ်၊ အထဲကမိုးကာလည်း ကွဲနေတော့ မသင်္ကာလို့စစ်ကြည့်တော့ လွယ်အိတ်ထဲ ဘာမှမရှိတော့ဘူး" လို့ပြောပါတယ်။ ခါးပိုက်နှိုက်ခံရတဲ့အတွက် ကင်းမတီးကျေးရွာတောင်သူ ဦးသိန်းနိုင်က ကျေးရွာအုပ်ချူပ်ရေးမှူးကို တိုင်ကြားထားပြီး ဥက္ကံနယ်မြေရဲစခန်းကို သတင်းပေးပို့ထားတယ်လို့ ဆိုပါတယ်။ သတင်း- မေသွယ်
3 years Ago
Up