တောင်သာမြို့နယ်တွင်

December 22, 2017

တောင်သာမြို့နယ်တွင် မီးအားမြှင့်​စက်​ အပူလွန်​ကဲရာမှ နေအိမ် ၃ လုံး မီး​လောင်

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင်၊​ ​တောင်​သာမြို့နယ်၊​ ဖက်​​တော​ကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းက မီးအားမြှင့်စက် အပူလွန်ကဲရာက နေအိမ် ၃ လုံး မီး​လောင်​ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ ဖက်တောကျေးရွာ ဒေါ်ခင်ညိုနေအိမ်မှာ မီးအားမြှင့်စက် အပူလွန်ကဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြား အိမ်​ ၂ အိမ်​ပါ ကူးစက်လောင်​ကျွမ်းခဲ့ပါတယ်။ ​မီးလောင်ကျွမ်းမှုကို မြင်းခြုံမြို့က မီးသတ်​ကား ၃ စီး၊ ​တောင်​သာမြို့က မီးသတ်​ကား ၂ စီး၊ ​ရေသည်​ယာဉ်​ ၅ စီးတို့နဲ့ ရွာသူရွာသားတွေ ၀ိုင်းဝန်း မီးငြှိမ်းသတ်​ခဲ့နိုင်​ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်း ကျော်တယ်လို့ သိရပါတယ်။ တောင်သာမြို့မ ရဲစခန်းက အိမ်ရှင်ဖြစ်သူ ဒေါ်ခင်ညိုကို ပုဒ်​မ-၂၈၅ နဲ့ အမှုဖွင့်​ အ​ရေးယူ ​ဆောင်​ရွက်​ထား​တယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ )
3 years Ago
Up