တောင်ဒဂုံသား သုံးဦး၏

February 10, 2017

တောင်ဒဂုံသား သုံးဦး၏ ပန်းချီပြပွဲ (သတင်းဓာတ်ပုံ)

တောင်ဒဂုံသား သုံးယောက်ဖြစ်တဲ့ နန္ဒာလှိုင်၊ အောင်စည်နေမျိုး၊ သစ်နေစန်း တို့ရဲ့ ပန်းချီကားပေါင်း ၆၀ ကျော်ကို ၃၅ လမ်းမှာရှိတဲ့ River Ayeyarwaddy ပန်းချီပြခန်းမှာ ပြသနေပါတယ်။ ပန်းချီကားတွေကို ရောင်စုံမြေဖြူ၊၊ အက်ခရစ်လစ်၊ ဆီဆေး၊ ရေဆေးတွေနဲ့ ရေးဆွဲထားပြီး အကြောင်းအရာစုံလင်ပါတယ်။  ပန်းချီဆရာသုံးယောက်ဟာ ရန်ကုန်မြို့ တောင်ဒဂုံမှာ အတူနေထိုင်ကြပေမယ့် လက်ရာတွေကတော့ တယောက်တမျိုး ထူးခြားနေပါတယ်။ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြသမှာဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - ဦးဇေကြီး
4 years Ago
Up