တောင်တရုတ်ပင်လယ်တွင် အမေရိကန်-အိန္ဒိယ ပူးတွဲကင်းလှည့်မည်

A d v e r t i s e m e n t With Us

February 10, 2016

တောင်တရုတ်ပင်လယ်တွင် အမေရိကန်-အိန္ဒိယ ပူးတွဲကင်းလှည့်မည်

အငြင်းပွားနေကြတဲ့တဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ ရေတပ်တွေ ပူးတွဲကင်းလှည့်ဖို့ ဆွေးနွေးနေကြတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိပြောကြားချက်ကို ရိုက်တာသတင်းက ဒီနေ့ ရေးပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုဟာ သူ့ဒေသတွင်း မဟာမိတ်တွေနဲ့ အာရှနိုင်ငံတွေကို ပိုမိုစည်းရုံးနေပါတယ်။ စပရက်တလေကျွန်းစုတန်းမှာ လူလုပ်ကျွန်းတု ၇ ခုကို တရုတ်က ဆောက်လုပ်တဲ့အတွက် တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်မားနေချိန်ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာ  မနှစ်က ဂျပန်ရေတပ်ပါ ပါဝင်ခဲ့တဲ့  ရေတပ်စစ်ရေးလေ့ကျင့်မှုကို ကိုင်စွဲပြီး အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့က စစ်ဘက်ဆိုင်ရာဆက်ဆံမှုမြှင့်တင်နိုင်ဖို့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ ချဉ်းကပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အိန္ဒိယရေတပ်ပြောခွင့်ရသူကတော့ အိန္ဒိယရေတပ်အနေနဲ့ တခြားနိုင်ငံတခုခုနဲ့ ရေတပ်ပူးတွဲကင်းလှည့်တာကို တကြိမ်တခါမှ ဆောင်ရွက်ဖူးခြင်းမရှိသေးသလို အိန္ဒိယဟာ ကုလသမဂ္ဂအလံအောက်က နိုင်ငံတကာ စစ်ဘက်ဆိုင်ရာပူးတွဲ ဆောင်ရွက်လေ့ရှိပြီး မူဝါဒအပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။ အမည်မဖော်လိုသူ အမေရိကန်ကာကွယ်ရေးအရာရှိကတော့ နှစ်ဘက်အကြား ပူးတွဲကင်းလှည့်ဖို့ ဆွေးနွေးခဲ့ကြပြီး တနှစ်အတွင်း အကောင်အထည်ပေါ်လာမယ်လို့ နှစ်ဘက်စလုံးက မျှော်လင့်ကြောင်း ရိုက်တာသတင်းကို ပြောပါတယ်။  အဆိုပြုကင်းလှည့်ယာဉ်အရေအတွက်ကိုတော့ သူက ပြောဆိုခြင်းမရှိပါဘူး။ လတ်တလောမှာ တပတ်ကြာ တရုတ်နှစ်သစ်ကူးပွဲ အားလပ်ရက်ဆင်နွှဲနေတဲ့ တရုတ်နိုင်ငံက အမေရိကန်စစ်ဘက်အရာရှိရဲ့ ဒီပြောကြားချက်နဲ့ပတ်သက်လို့ တစုံတရာတုံ့ပြန်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း အမေရိကန် ရေတပ်ဖျက်သင်္ဘောတစင်းက တောင်တရုတ်ပင်လယ်တွင်းက အငြင်းပွားနေတဲ့ ကျွန်းအနီး ၁၂ မိုင်အကွာက ဖြတ်မောင်းသွားခဲ့ဖူးပါတယ်။ အမေရိကန်ရေတပ်ဟာ မနှစ်အောက်တိုဘာလတုန်းကလည်း တရုတ်ကျွန်းတုတခုအနီးမှာ အလားတူစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
5 years Ago
Up