တောင်တရုတ်ပင်လယ်မှာ တိုင်ဖွန်းမုန်တိုင်း အိုင်ရီဟာ နောက်ထပ် အနည်းဆုံး ၂ ရက် ဆက်ရှိနေမယ်။
ဖြည်းဖြည်းချင်း အင်အားတိုးလာပြီး တရုတ်နိုင်ငံတောင်ပိုင်းက အရှေ့ဘက် ကမ်းရိုးတန်းဒေသမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်မယ်လို့ တရုတ် အမျိုးသား မိုးလေဝသ ဌာနက ဆိုပါတယ်။
အပြာရောင်အဆင့် သတိပေးချက် တပ်လှန့်ထားပြီး အခြေအနေကို နီးနီးကပ်ကပ် ဆက်ပြီး စောင့်ကြည့်နေမယ်လို့ စနေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
လေတိုက်နှုံး တနာရီ မိုင် ၈၀ ထိ အပြင်းထန်ဆုံး တိုက်ခတ်နိုင်တယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။
တောင်ဘက်ကို တိုက်ခတ်နေတဲ့ လေအေးစီးကြောင်းကြောင့် အင်္ဂါနေ့ နောက်ပိုင်းမှာ တိုင်ဖွန်းသွားမယ့်လမ်းကြောင်းက မသေချာဘူးလို့ မိုးလေဝသ ပညာရှင်တွေက ဆိုပါတယ်။
ဒါပေမယ့် တောင်တရုတ်ပင်လယ်ရဲ့ မြောက်ပိုင်းကို ရွေ့လျားချိန်မှာ အားနည်းကောင်း အားနည်းသွားနိုင်တယ်လို့ ပြောပါတယ်။
မုန်တိုင်းဟာ လေအေးစီးကြောင်းနဲ့ ပေါင်းဆုံခဲ့လို့ တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ်နဲ့ကျဲ့ကျန်း ပြည်နယ်တွေက တချို့ ဒေသတွေမှာ သောကြာနေ့ကစပြီး မိုးအသည်းအသန် ရွာနေပါတယ်။
စနေ နှောင်းပိုင်းနဲ့တနင်္ဂနွေနေ့တွေမှာ ကျန်စုနဲ့အန်းဟွေ ပြည်နယ်တွေမှာ မိုးနည်းပြီး ရပ်တံ့သွားမယ်လို့ မျှော်လင့် ထားပါတယ်။
ကွမ်တုံတောင်ပိုင်း ဖုကျန်း အရှေ့တောင်ပိုင်းနဲ့တိုင်ဝမ် တို့မှာ မိုးကြီးပြီး မိုးရေချိန် ၁၀ ကနေ ၁၆ စင်တီမီတာထိ ရွာချနိုင်တယ်လို့ မိုးလေဝသ ဌာနက ဆိုပါတယ်။
6 years Ago