တောင်တရုတ်ပင်လယ်ကို

February 9, 2018

တောင်တရုတ်ပင်လယ်ကို တိုက်ခိုက်ရေး ဂျက်လေယာဉ်များ တရုတ် စေလွှတ် (ရုပ်သံ)

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ ပူးတွဲလေကြောင်း ကင်းလှည့်တဲ့ မစ်ရှင်တခုအတွက် Su-35 တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေကို စေလွှတ်ခဲ့တယ်လို့ တရုတ်လေတပ်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာပြောပါတယ်။ အခုလိုစေလွှတ်မှုဟာ တိုက်ပွဲအခြေအနေအတွက် လေတပ်ရဲ့စစ်ရေးလေ့ကျင့်မှု တစိတ်တဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို စစ်ရေးလေ့ကျင့်မှုမှာ Su-35 တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ ပါဝင်လေ့ကျင့်ခြင်းအားဖြင့် တရုတ်လေတပ်ရဲ့ တိုက်ရည်ခိုက်ရည်ကို မြှင့်တင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း တရုတ်လေတပ်က ပြောပါတယ်။ အခုလို လေ့ကျင့်မှုမှာ ခေတ်သစ်လေကြောင်း တိုက်ပွဲအတွက် အရေးပါတဲ့ သိပ္ပံနဲ့နည်းပညာ၊ တရားဥပဒေစိုးမိုးမှု၊ စီစဉ်ညွှန်ကြားမှုစတဲ့ အခန်းကဏ္ဍတွေကိုလည်း ပိုပြီးတိုးတက်လာစေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တရုတ်လေတပ်ရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up