တောင်တရုတ်ပင်လယ်

January 8, 2019

တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းများအနီးမှ အမေရိကန် ဖျက်သင်္ဘော ခုတ်မောင်း

ပဲ့ထိန်းဒုံးကျည်သုံး အမေရိကန် ဖျက်သင်္ဘောတစီးဟာ ဇန်နဝါရီ ၇ ရက်က တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားကျွန်းတွေအနီးကနေ ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကျူးကျော်မှုလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရေးကာလအတွင်း အမေရိကန် အရာရှိတွေ တရုတ်မြို့တော် ဘေဂျင်းမှာ အစည်းအဝေး တက်နေချိန် ခုလို ခုတ်မောင်းတာပါ။ တရုတ်က သူ့ရေပိုင်နက် တကယ်ရှိတာထက်ပိုပြီး ကြေညာတာကို စိန်ခေါ်ဖို့အတွက် လွတ်လပ်စွာ ရေကြောင်းသွားလာမှု စစ်ဆင်ရေးအနေနဲ့ USS McCampbell ဟာ ပါရာဆဲကျွန်းစုနဲ့ ရေမိုင် ၁၂ မိုင် အကွာကနေ ခုတ်မောင်းနေတယ်လို့ အမေရိကန် စစ်တပ်၊ ပစိဖိတ်တပ်မဟာရဲ့ ပြောခွင့်ရ ရာချယ် မက်ခ်မားက ဇန်နဝါရီ ၆ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေးဟာ နိုင်ငံတနိုင်ငံအတွက် မဟုတ်သလို နိုင်ငံရေး ကြေညာချက်လည်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်ရေး အမေရိကန်ကိုယ်စားလှယ်တွေ တရုတ်မြို့တော် ဘေဂျင်းမှာ ဆွေးနွေးမှုဟာ အပြန်အလှန် ဒဏ်ခတ်မှု ရက် ၉၀ ဆိုင်းငံ့ရေး သဘောတူအပြီး ပထမဆုံး အစည်းအဝေးပါ။ လုပ်ငန်း အမတော်ကြေးကနေ ဆိုင်ဘာဖောက်ထွင်းမှုထိ ကိစ္စအများအပြားမှာ လုပ်ဆောင်ပုံ ပြောင်းလဲရေး တရုတ်အစိုးရကို ဖိအားပေးဖို့ အမေရိကန်ဒေါ်လာ ဘီလျံရာချီတဲ့ တရုတ်ကုန်စည်တွေအပေါ် အမေရိကန်က ထပ်ဆောင်းခွန် စည်းကြပ်ခဲ့ပါတယ်။ တရုတ်ကလည်း လက်စားချေတဲ့အနေနဲ့ အမေရိကန် ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် တန်ပြန် စည်းကြပ်ခဲ့ပါတယ်။
3 years Ago

November 21, 2018

တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ဆွေးနွေးမှု လုပ်မည်ဟု တရုတ်သမ္မတ ကတိပြု

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ဆွေးနွေးမှုတွေကို ၃ နှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။ တရုတ်သမ္မတ ရှီက “တခြား အာဆီယံနိုင်ငံတွေနဲ့အတူ အများဆန္ဒအပေါ် အခြေခံပြီး ကျင့်ဝတ်ဆိုင်ရာ စည်းကမ်း ဆွေးနွေးမှုတွေကို ၃ နှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း “သမ္မတရှီရဲ့ အလည်ပတ်ခရီးစဉ်ဟာ နှစ်နိုင်ငံပြည်သူတွေ ကြီးပွားတိုးတက်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်ရာမှာ အပြန်အလှန် ကြိုးပမ်းဖို့ တွန်းအားသစ်တခု ဖြစ်စေတယ်” လို့ ပြောခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ဆယ်စုနှစ်များစွာ မယုံကြည်မှုနဲ့ အငြင်းပွားမှုတွေ ဖြစ်နေပေမယ့် သမ္မတ ဒူတာတေးဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ကာလရှည် မဟာမိတ် အမေရိကန်ကနေ တရုတ်နိုင်ငံဆီကို ပြောင်းလဲမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာပြီး ၂ နှစ်အကြာမှာ တရုတ်သမ္မတရှီက ဖိလစ်ပိုင်နိုင်ငံကို လာရောက်လည်ပတ်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up