တောင်ဆူဒန်သမ္မတ

August 11, 2018

အတိုက်အခံ လက်နက်ကိုင်အဖွဲ့အားလုံးကို တောင်ဆူဒန်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

တောင်ဆူဒန်သမ္မတက အတိုက်အခံ လက်နက်ကိုင် အဖွဲအားလုံးကို  လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီးနောက် တောင်ဆူဒန်ပြည်သူတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြပါတယ်။ တောင်ဆူဒန်မှာ ၅ နှစ်နီးပါး ပဋိပက္ခတွေ ဖြစ်ပြီးနောက် သမ္မတ ဆယ်လ်ဗာခီယာက အတိုက်အခံတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို  သြဂုတ်လ ၈ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာချက်ခဲ့ပြီးနောက် စတင်အသက်ဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကလည်း မြို့တော်ခါတွန်မှာ သမ္မတနဲ့ အတိုက်အခံတွေအကြား လုံခြုံရေးနဲ့ အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
3 years Ago

လူ့အခွင့်အရေးအတွက် ရပ်တည်သွားမည်ဟု ကနေဒါဝန်ကြီးချုပ် ပြော

ကနေဒါနိုင်ငံဟာ လူ့အခွင့်အရေးအတွက် ရပ်တည်သွားမယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒေါ ကပြောကြားလိုက်ပါတယ်။ ကနေဒါအစိုးရဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ပတ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ လွတ်လပ်ရှင်းလင်းစွာ ပြောဆိုမှုကို အားပေးတယ်လို့က ပြောပါတယ်။ ဆော်ဒီနိုင်ငံအနေနဲ့ ထိန်းသိမ်းထားတဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေကို ချက်ချင်း လွှတ်ပေးဖို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ သံတမန်ရေး တင်းမာမှုတွေဖြစ်နေတာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံကို အရေးယူဒဏ်ခတ်တာတွေ လုပ်သွားမယ်လို့ ဆောဒီနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြီး နာရီပိုင်းအကြာမှာ ဝန်ကြီးချုပ် ထရူးဒေါက ပြောကြားလိုက်တာပါ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆော်ဒီအာရေးဗျဟာ ကနေဒါသံအမတ်ကို နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပြီး ကနေဒါနဲ့ပြုလုပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်ဆိုင်းထားပါတယ်။ ဒါ့ပြင် ဆော်ဒီအာရေးဗျ ငွေကြေးထောက်မှုနဲ့ ကနေဒါမှာ ကျောင်းတက်နေတဲ့ ကျောင်းသား ၁၆ဝဝ နီးပါးကို ဆော်ဒီက ကျောင်းကနေ နုတ်ထွက်စေခဲ့ပါတယ်။ လက်ရှိဖြစ်နေတဲ့ သံခင်းတမန်ခင်း ပွတ်တိုက်မှုတွေအတွက် ဆော်ဒီနဲ့ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးတာတွေ လုပ်နေတယ်လို့ ဝန်ကြီးချုပ် ထရူးဒေါက ပြောကြားထားပါတယ်။
3 years Ago
Up