တောင်ငုံး ရင်မဲငှက်မျိုးစိတ် (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

September 23, 2016

ကမ္ဘာပေါ်တွင် မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တောင်ငုံး ရင်မဲငှက်မျိုးစိတ် (ဓာတ်ပုံ)

မြိတ်မြို့မှာ  စက်တင်ဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အခြေအနေရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဇီဝမျိုးကွဲထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲမှာ ရှားပါး တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ တနင်္သာရီတောင်ပိုင်းဒေသ အတွင်းမှာသာ ကျန်တော့တယ်လို့ ငှက်ပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ ရှားပါးမျိုးစိတ် တမျိုးဖြစ်တဲ့ တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအတွင်းမှာသာ ကျန်တော့ကြောင်း တောင်ငုံး ရင်မဲငှက်တွေ နေထိုင်ကျက်စားရာ မြေပြင်အနေအထားနဲ့ ဂေဟဗေဒဆိုင်ရာ လေ့လာသူ (FFI) မှ ဦးနေမျိုးရွှေက ပြောပါတယ်။ တောင်ငုံးရင်မဲ (Gurney`s Pitta) ဒေသအခေါ် တီးတူးငှက်ဟာ  တီကောင်၊ ပိုးမွား၊ ခရု အစရှိသည်တို့ကို ရှာဖွေစားသောက်တတ်ခြင်း၊ အမြဲစိမ်းတောနဲ့  ရွက်ပြတ်ရောနှော တောတွေဖြစ်တဲ့  ချောင်းစပ်နား စလူတောတွေက သစ်ပင်တွေမှာ  နေထိုင်ကျက်စားပြီး  ဧပြီလနဲ့ ဇူလိုင်လအတွင်းပဲ မျိုးပွားနိုင်ကြပါတယ်။ ဥ ‘ဥ’ ရင်လည်း  ၃ လုံးမှ ၅ လုံးခန့် ဥချလေ့ရှိပေမယ့်  ၁ လုံးလောက်ပဲ  သားပေါက် ရှင်သန်နိုင်ကြပါတယ်။ တောင်ငုံးရင်မဲ (Gurney`s Pitta) ငှက်မျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ  မျိုးသုန်း ပျောက်ကွယ်လုနီးပါးရှိနေတာကြောင့်  လက်ရှိအချိန်မှာ အစိုးရ၊ NGO နဲ့ ဒေသခံတွေက အရေးတကြီးထိန်းသိမ်းသွားဖို့ လိုအပ်နေပြီးဖြစ်ကြောင်း ပညာရှင်တွေက ပြောဆိုခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးတွင် ငှက်အမျိုးအစား ၁၁၀၀ ကျော်ပြီး၊ တနင်္သာရီတိုင်းဒေသမှာတော့ ငှက်အများအစား  ၆၀၀ လောက်  ရှိပါတယ်။ အဲဒီထဲက  ရှားပါးမျိုးစိတ် ၁၃၄ မျိုးရှိပြီး၊ မျိုးသုဉ်းလုနီးပါးအခြေအနေရှိတဲ့ ငှက်အမျိုးအစားမှာ ၁၀ မျိုးကျော်ရှိနေပါတယ်။
4 years Ago
Up