တောင်ငူမြို့တည်းခိုခန်း

A d v e r t i s e m e n t With Us

October 9, 2016

တောင်ငူမြို့တည်းခိုခန်းတခုတွင် ဓားထိုးလုယက်မှုဖြစ်ပွား

တောင်ငူမြို့ရှိ တည်းခိုခန်းတခုမှာ ဒီနေ့ နေ့လယ်ပိုင်းက ဓားနဲ့ ထိုးပြီး ဆိုင်ကယ်တစီး လုယူမှုဖြစ်ပွား ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ အုတ်ကျွတ်တန်း (၈)ရပ်ကွက် စတီးလမ်းမှာရှိတဲ့ ချမ်းရိပ်မွန်တည်းခိုခန်းမှာ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ပိုင်ရှင်ဖြစ်သူ ဒေါ်မြမြမေ (၆၉) နှစ် တဦးတည်းရှိနေစဉ် မနေ့က လာရောက်တည်းခိုနေတဲ့ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်နေသူမှ မောင်စစ်ပိုင်မှူး (၁၉)နှစ် အသွားသုံးလက်မလောက်ရှိတဲ့ မောင်းချဓားနဲ့ထိုးခဲ့ပြီး အခန်းတွင်းမှာရှိတဲ့ ငွေနှစ်သိန်းနီးပါးကို ယူဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် တည်းခိုခန်းမှာရှိတဲ့ HONDA Dream 125 အနက်ရောင် ဆိုင်ကယ်တစီးကိုပါ ယူဆောင်မောင်းနှင်သွားတယ်လို့ သိရပါတယ်။ အခုလိုဓားနဲ့ထိုးခံရတဲ့ ဒေါ်မြမြမေမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၃ ချက် ရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သတင်း - သားကြီး
4 years Ago
Up