တောင်ငူမြို့

A d v e r t i s e m e n t With Us

June 1, 2019

တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြာင့် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေ ၃၁ ရက်နေ့ ည ၇ နာရီခွဲလောက် တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်(၁၆/၄-၅) ကြားမှာ မျိုးသူမောင်းနှင်ပြီး ကျောက်တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို ထိုးကျကာ လမ်းဘေးတဲ ဝင်တိုက် တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် တဲအတွင်းရှိ မသိန်းသိန်းမော် (၄၈) နှစ်အပါအ၀င် ၃ ဦး (ကျား ၁၊ မ ၂) တို့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးလှမြင့်ဦးအပါအ၀င် ၅ ဦး (ကျား ၄၊ မ ၁) နဲ့ ယာဉ်မောင်း မျိုးသူတို့ ဒဏ်ရာ (စိုးရိမ်ရ) တွေ ရရှိခဲ့ပြီး တောင်ငူ ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ တောင်ငူမြို့နယ် အမှတ်-၁၊ နယ်မြေရဲစခန်းက  မျိုးသူ ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago

July 26, 2018

တောင်ငူမြို့အနီး မြေငလျင်လှုပ်

မြန်မာပြည်တွင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အနားမှာ အင်အား ရစ်ခ်ျတာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၅၃ မိနစ်၊ ၀၁ စက္ကန့်အချိန် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၂ မိုင်ခန့် ကွာဝေးတဲ့ တောင်ငူမြို့ရဲ့ အရှေ့မြောက်ဘက် ၃၃ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။ ဓာတ်ပုံ- မိုးဇလ
3 years Ago
More News
Up