တောင်ငူတွင်

A d v e r t i s e m e n t With Us

May 28, 2017

တောင်ငူတွင် ရွှေဆိုင်မှ ဆွဲကြိုးများ လုယူထွက်ပြေးသည့် အမျိုးသမီးကို ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၅ ရပ်ကွက် နဂါးရုံဘုရားလမ်း ရွှေဆိုင်တဆိုင်မှာ ဒီနေ့မနက်ပိုင်းက ရွှေဝယ်သူဟန်ဆောင်ပြီး ရွှေဆွဲကြိုးများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းမှာ ဖွင့်ထားတဲ့ စိန်ညွန့် စိန်၊ ရွှေ၊ ရတနာ ရောင်းဝယ်ရေးဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက ဝယ်ယူသူဟန်ဆောင်းပြီး လုယူထွက်ပြေးသွားတာကြောင့် ရပ်ကွက်နေသူတဦးနဲ့ ဈေးဝယ်လာသူ အမျိုးသမီးတဦးတို့က ဝိုင်းဝန်းဖမ်းဆီးပေးခဲ့လို့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုင်ရှင်က ပြောပါတယ်။ “သူက မနေ့ကလည်း တခေါက်လာသေးတယ်။ ဒီနေ့ကျေတာ့ မနက်အစော ဆိုင်ဖွင့်တဲ့အချိန် ဈေးဝယ်ကလည်း သိပ်မရှိသေးတဲ့ အချိန်ဆိုတော့ သူက အဲဒီဆွဲကြိုး ၄ ကုံးကို ယူမယ်ဆိုပြီးတော့ ဘောက်ချာရေးခိုင်းတယ်။ ဘောက်ချာရေးနေတုန်းမှာ အဲဒီကြိုး ၄ ကုံးကိုယူပြီး ဆိုင်ကယ်နဲ့ထွက်ပြေးမလို့လုပ်တယ်။ သမီးနှစ်ယောက်က အော်ပြီးနောက်ကနေ ဆိုင်ကယ်ကိုဆွဲထားတာ။ ကလးတွေဆိုတော့ ငယ်သေးတော့ မနိုင်ဘူး။ အဲဒီမှာရပ်ကွက်ထဲက တယောက်က ဆိုင်ကယ်ကယ်နဲ့ရောက်လာပြီး ရှေ့ကနေ ကန့်လန့်ပိတ်ထားပြီး ဆိုင်ကယ်ကို တွန်းလှဲထားလိုက်တာ။ အဲဒီမှာဆိုင်မှာ ဈေးလာဝယ်တဲ့ ဝဝနဲ့ ခပ်တောင့်တောင့်အမျိုးသမီးက ဝင်ချုပ်ထားပီးတော့မှ သူ့လက်ထဲက ဆွဲကြိုး ၄ ကုံးကိုပြန်ရတာ။ ရွှေကအခေါက်တွေချည်းပဲ။ ၁၁ ကျပ်သားကျော်တယ်။ အားလုံးဆို သိန်း ၁၀၀ ကျော်ဖိုးလောက်ရှိတယ်” လို့ ဆိုင်ရှင် ဦးအကင်းက ပြောပါတယ်။ တောင်ငူ အမှတ်(၂) နယ်မြေ ရဲစခန်းက ရွှေဆွဲကြိုး လုယူထွက်ပြေးသူ မအာရုဏ်ဦးကို ပုဒ်မ-၃၈၀ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
4 years Ago

May 2, 2017

တောင်ငူတွင် လုယက် လူသတ်မှုဖြစ်ပွား

တောင်ငူမြို့မှာ မနေ့ညက နာရီပိုင်းအတွင်း လုယက်မှု ၂ မှုဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ အမြန်လမ်းမကြီးနဲ့ချိတ်တဲ့ ထီးလှိုင်ကွန်ကရစ်လမ်းမှာ ည ၈ နာရီခွဲလောက်က ဖြစ်ပွားတဲ့ လုယက်မှုမှာ အမျိုးသားတဦး သေဆုံးခဲ့တာပါ။  အဲဒီ လုယက်မှုမှာ စတီဗင်ဆင် ဆိုသူနဲ့ အမျိုးသမီးတဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို သန်းနိုင်ဆီဆိုင်အနားအရောက်မှာ လူ ၂ ဦးက တားကြောင်း၊ ဒီနောက် စတီဗင်ဆင်ကို လမ်းကြားထဲကို ဓားထောက် ခေါ်ဆောင်ပြီး ဓားနဲ့ ထိုးသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းကို ယူဆောင်သွားတာဖြစ်ကြောင်း အမှတ် (၂) နယ်မြေရဲစခန်းမှူးက ပြောပါတယ်။ ဓားဒဏ်ရာရခဲ့တဲ့ စတီဗင်ဆင်ကို တောင်ငူဆေးရုံကြီးကို ပို့ဆောင်ကုသပေမယ့် သေဆုံးခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ရဲက ပုဒ်မ ၃၉၄ (လုယက်မှု)၊ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီလုယက်လူသေမှု မဖြစ်ခင် ည ၇ နာရီဝန်းကျင်ကလည်း တောင်ငူ၊ မင်းကြီးညိုရပ်ကွက်၊ အင်းဝလမ်းနဲ့ နန္ဒကျော်ထင်လမ်းထောင့်မှာ တကြိမ် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတဦးရဲ့လက်မှာ ကိုင်ဆောင်လာတဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်နဲ့ လူတဦးက လုယူသွားတာဖြစ်ပြီး အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းတလုံးနဲ့ ပိုက်ဆံ ၂ သိန်းကျော် ဆုံးရှုံးနစ်နာခဲ့ပါတယ်။ သတင်း - သားကြီး(တောင်ငူ)
4 years Ago
More News
Up