တောင်ကိုရီးယား လော့တဲစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌကို ဆိုင်းငံ့ထောင်ဒဏ် လ ၂၀ ချမှတ်

December 22, 2017

တောင်ကိုရီးယား လော့တဲစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌကို ဆိုင်းငံ့ထောင်ဒဏ် လ ၂၀ ချမှတ်

တောင်ကိုရီးယားနိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံး ကုမ္ပဏီတခုဖြစ်တဲ့ လော့တဲ (Lotte) စီးပွားရေးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကို ယုံကြည်မှုချိုးဖောက်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ် လ ၂၀ ချမှတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်က ဆိုးလ်ဗဟိုခရိုင်ရားရုံးက လော့တဲစီးပွားရေးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ရှင်ဒေါင်ဘင်ကို ကိုရီးယားဝမ်ငွေ ၅၀ ဒသမ ၈ ဘီလီယံ ခိုးယူမှု၊ ဝမ်ငွေ ၁၂၄ ဒသမ ၉ ဘီလီယံကို သူ့ရဲ့ မိသားစုဝင်တွေကို မူမမှန်တဲ့ပုံစံနဲ့ ငွေကြေးပေးတာ၊ ဥပဒေနဲ့မညီဘဲ လုပ်ငန်းစုတွင်းက ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့မှုအတွက် ယုံကြည်မှုချိုးဖောက်တဲ့ ပြစ်မှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ လော့တဲ စီးပွားရေးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ရှင်ဒေါင်ဘင်ရဲ့ အစ်ကိုဖြစ်သူကို ထောင်ဒဏ်လေးနှစ် ချမှတ်ထားတာပါ။ နောက်အစ်ကိုတဦးလည်းဖြစ်၊ လုပ်ငန်းစုရဲ့ ဒု-ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှင်ဒေါင်ဝူးကတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။ နောက်ပြီး ဥက္ကဋ္ဌရဲ့အစ်မ ရှင်ယောင်ဂျကိုတော့ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
3 years Ago
Up