တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တော်အနားမှာ ဇွန် ၁ ရက်နေ့က မြေအောက်ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား ၄ ဦး သေဆုံးသွားပါတယ်။
ဆိုးလ်မြို့တော်အရှေ့မြောက်ဘက် ၂၁ မိုင်အကွာက နန်ယန်ဂျူးမြို့မှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း အရေးပေါ် ဆေးကုသပေးနေတယ်လို့ ဒေသခံမီးသတ်တပ်ဖွဲ့က ပြောဆိုပါတယ်။
မီးသတ်တပ်ဖွဲ့ကရော၊ တောင်ကိုရီးယားမီးရထား အာဏာပိုင်အဖွဲ့ကရော လုပ်ငန်းခွင်ပြိုကျရခြင်း အကြောင်းရင်းကို မသိသေးဘူး။ စုံစမ်းနေဆဲလို့ ပြောပါတယ်။
ဒီဆောက်လုပ်နေဆဲ မြေအောက်ရထားလမ်းဟာ လာမယ့် ၂၀၂၀ မှာ စတင်အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်။
5 years Ago