တောင်ကိုရီးယား အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်များကို လွှတ်တော်စုံစမ်းမှုကော်မတီ စစ်ဆေး

December 7, 2016

တောင်ကိုရီးယား အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်များကို လွှတ်တော်စုံစမ်းမှုကော်မတီ စစ်ဆေး

တောင်ကိုရီးယားသမ္မတ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်ပြီး နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်တွေကို လွှတ်တော်စုံစမ်းမှုကော်မတီက ဒီဇင်ဘာ ၆ ရက်နေ့မှာ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ခေါ်ယူစစ်ဆေးခဲ့တဲ့ ကုမ္ပဏီကြီး ၆ ခုထဲမှာ ဆမ်ဆောင်းကုမ္ပဏီနဲ့ ဟွန်ဒိုင်းကုမ္ပဏီကြီးတို့လည်း ပါဝင်ပြီး သမ္မတ ပတ်ဂွမ်ဟေးဆီက အခွင့်အရေးရဖို့ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ သမ္မတ ပတ်ဂွမ်ဟေး ကိုယ်တိုင်လည်း ဒီအဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး သူ့ကို စုံစမ်းစစ်ဆေးဖို့ အတိုက်အခံတွေက ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သူ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲကြီးတွေလည်း နိုင်ငံတ၀န်း မြို့ကြီးတွေမှာ ကျင်းပနေကြတာပါ။ ဒီကုမ္ပဏီကြီးတွေဟာ သမ္မတနဲ့ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေရဲ့ လူမှုရေးဖောင်ဒေးရှင်းတွေမှာ ငွေကြေးအများအပြား လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ သမ္မတကိုယ်တိုင် အဲ့ဒီ အဂတိလိုက်စားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နိုင်တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပြီး သမ္မတကတော့ ငြင်းဆန်ထားပါတယ်။
5 years Ago
Up