တောင်ကိုရီးယား ငါးဖမ်းလှေ နစ်မြုပ် (ရုပ်သံ)

September 6, 2015

တောင်ကိုရီးယား ငါးဖမ်းလှေ နစ်မြုပ် (ရုပ်သံ)

တောင်ကိုရီးယား ငါးဖမ်းလှေတစီးဟာ နိုင်ငံတောင်ပိုင်းက ကမ်းရိုးတန်းမှာ စက်တင်ဘာ ၆ ရက်နေ့က နစ်မြှုပ်သွားခဲ့ပြီး အနည်းဆုံး ၈ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ ရေဒီယို အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ ငါးဖမ်းလှေကို ကမ်းခြေစောင့်တပ်က လိုက်ရှာတဲ့အခါမှာ ရေထဲမှာ မှောက်လျက် ပြန်တွေ့ခဲ့ရပါတယ်။ ချူဂျာဆိုတဲ့ ကျွန်းနားမှာ အလောင်း ၈ လောင်းကို ပြန်တွေရခဲ့ရပေမယ့်  ၁၀ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ရေထဲကနေ လူ ၃ ဦးကို ဆယ်ယူခဲ့ပြီး လေယာဉ်နဲ့ ဆေးရုံပို့လိုက်ရတယ်လို့ ပြောပါတယ်။ လှေပေါ်မှာ ၁၉ ဦးလောက် ပါတယ်လို့ ကမ်းခြေစောင့် တပ်ဖွဲ့က အရာရှိတဦးက ပြောပါတယ်။ ချူဂျာကျွန်းနားမှာ ငါးဖမ်းဖို့အသွားမှာ အခုလို မတော်တဆ ဖြစ်တာလို့ အဲဒီ အရာရှိက ပြောပါတယ်။ တောင်ကိုရီးယား သမ္မတ ပါ့ခ် ဂွမ်ဟိုင်းကလည်း ပျောက်ဆုံးနေသူတွေကို အမြန်ဆုံး  ရှာဖွေ ကယ်ဆယ်ရေးလုပ်ဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
6 years Ago
Up