တောင်ကိုရီးယားသံတမန်

March 8, 2018

ကင်ဂျုံအန်းနှင့်တွေ့ခဲ့သည့်ကိစ္စ ဆွေးနွေးရန် တောင်ကိုရီးယားသံတမန် ၂ ဦး အမေရိကန် ထွက်ခွာ

တောင်ကိုရီးယား အထူးသံတမန် နှစ်ဦးဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စ ဆွေးနွေးဖို့ မတ်လ ၈ ရက်နေ့က အမေရိကန်ကို ထွက်ခွာသွားပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံး အကြီးအကဲ ဂျောင်အီယွန်နဲ့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ ဆော်ဟူးတို့ဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဒါမှမဟုတ် အမေရိကန်သမ္မတ၊ ဒု-သမ္မတတို့နဲ့ တွေ့ဆုံနိုင်တယ်လို့ ယူဆရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်တွေဟာ အနာဂတ် အမေရိကန်နဲ့ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ ရပ်တည်ချက်နဲ့ လုံခြုံရေးကို အာမခံပေးပါက နျူကလီးယားစမ်းသပ်မှုကို ဆိုင်းငံ့ဖို့ လိုလားတဲ့ မြောက်ကိုရီးယားရဲ့ သဘောထားနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားဖွယ် ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့တာဟာ ၂၀၁၇ ခုနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up