တောင်ကိုရီးယားတွင် အမေရိကန် ဒုံးခွင်းဒုံးစနစ်

April 27, 2017

တောင်ကိုရီးယားတွင် အမေရိကန် ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှု ဒေသခံများ ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆီယွန် ဂျူးကျေးရွာအနီး Terminal High Altitude Area Defense -THAAD လို့ အတိုကောက်ခေါ်ဝေါ်တဲ့ အမေရိကန် “အဆင့်မြင့်ဒုံးခွင်းဒုံးစနစ်” ချက်ချင်းတည်ဆောက်လိုက်တဲ့အပေါ် စစ်မဖြစ်လိုတဲ့ ဒေသခံတွေ ဧပြီ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ ဆန္ဒပြသူ အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး ကျေးရွာရဲ့ခေါင်းဆောင် လီဆွတ်ဂျူးက “ကျနော်တို့ရွာမှာ မူလက လူ ၁၀၀ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီမနက်မှာ ရဲတပ်ဖွဲ့ဝင် ၈၀၀၀ ကနေ ၁၀၀၀၀ လောက်အထိ ရောက်လာပါတယ်။ တစ်ချို့က ကျနော်တို့အိမ်တွေရှေ့မှာ ရပ်နေပြီး ကျနော်တို့ကို အပြင်ထွက်ခွင့်တောင် မပေးပါဘူး။ သူတို့က  ကျနော်တို့အခွင့်အရေးကို ချိုးဖောက်ပြီး THAAD စနစ်ကိုပဲ ကာကွယ်စောင့်ရှောက်နေပါတယ်” လို့ ကန့်ကွက်ပြောဆိုသွားပါတယ်။ ကျေးရွာသူ အမျိုးသမီးကြီးတစ်ဦးတော့ “ဒီမနက်အကြောင်းပြန်စဉ်းစားရင် ကျမ ရင်တွေ အရမ်းတုန်ပြီး ဒေါသထွက်ပါတယ်။ စိတ်တိုလွန်းလို့ တကိုယ်လုံးတုန်နေတယ်” လို့ ပြောပြသွားပါတယ်။ ကျေးရွာအကြီးအကဲက လီဆွတ်ဂျူးက “THAAD စနစ်ဆိုတာ စစ်ကိုနှိုးဆွနိုင်တဲ့ လက်နက်တစ်ခုပါ။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ စေ့စပ်ညှိနှိုင်းခြင်းကသာ တင်းမာမှုကို လျော့ချနိုင်ပါတယ်။ ငြိမ်းချမ်းရေးကို ဆက်ထိန်းထားချင်ပါတယ်။ THAAD ကို အလိုမရှိပါဘူး။ ကျနော်တို့ ဆက်ပြီးဆန္ဒပြသွားမယ်” လို့ ပြောပါတယ်။
4 years Ago
Up