တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်ခံရသူ ၃ ဦး တွေ့ရှိ

June 30, 2015

မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် လူတဦး ထပ်မံသေဆုံး

တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ်ကြောင့် လူတယောက် ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ စုစုပေါင်း ၃၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်မှာ အစီရင်ခံပါတယ်။ တောင်ကိုရီးယား ရောဂါကာကွယ်ရေးဌာနညွှန်မှူး ဂျောင်အွန်းကယောင်းက “နိုင်ငံတွင်း လက်ရှိ ကုသခံနေဆဲ လူနာစုစုပေါင်း ၅၄ ယောက်ရှိတယ်။ ၉၅ ယောက် ဆေးရုံက ဆင်းသွားပြီး ၃၃ ယောက် သေဆုံးခဲ့ပြီ။” လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ “မားစ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁၈၂ ယောက် အတည်ပြုထားတယ်။ မနေ့ကထိ အတည်ပြုထားတဲ့ ကူးစက်မှုအသစ် မရှိသေးဘူး။ ၃၃ ယောက်မြောက် သေဆုံးသူဟာ နဂိုကတည်းက နှလုံးနဲ့ သွေးတိုးရောဂါတွေရှိတဲ့ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်။ သေဆုံးသူအများစုဟာ နဂို ရောဂါရှင်တွေနဲ့ သက်ကြီးလူနာတွေ ဖြစ်တယ်။” လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံ ပြင်ပမှာ ကူးစက်မှု အမြင့်ဆုံးနိုင်ငံလို့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက စာရင်းအင်းတွေက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ လူကို စကူးတာကို တွေ့ခဲ့တဲ့ မားစ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်က တဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးနဲ့ ကုသဆေးပါ မရှိသေးပါဘူး။
6 years Ago

June 25, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် လူ ၂ ဦး ထပ်မံသေဆုံး

တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ်ကူးစက်မှုကြောင့် နောက်ထပ် လူ ၂ ယောက် သေဆုံးခဲ့လို့ နိုင်ငံတွင်း သေဆုံးသူစုစုပေါင်း ၂၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးက ဇွန် ၂၄ ရက်နေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီအရေးကိုရင်ဆိုင်ဖို့ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့က ဆေးဘက်ပညာရှင်တွေနဲ့ ဇွန် ၂၄ ရက်နေ့ ဆိုးလ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အဓိက ပညာရှင် ၅ ယောက်ဖြစ်တဲ့ အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဌာနတွေက ညွှန်ကြားရေးမှူးနဲ့ ဒု-လက်ထောက်ဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကူးစက်ရောဂါနဲ့ အနောက်ပစိဖိတ်ရေးရာ ခေါင်းဆောင် ၂ ယောက်နဲ့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး ညွှန်မှူး တက်ခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။ အစည်းအဝေးအတွင်း မားစ်ရောဂါအကြောင်း သတင်းအချက်အလက် ဖလှယ်ဖို့နဲ့ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဆွေးနွေးခဲ့ကြဖို့ မျှော်လင့်တယ်လို့ သမ္မတရုံးက ဆက်ပြောပါတယ်။ အစည်းဝေးအတွင်း ဆိုးလ်မြို့တောင်ဘက် မိုင် ၉၀ အကွာ ဆေဂျောင်က တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေလည်း ဗွီဒီယိုနဲ့ ချိတ်ဆက်ထားတဲ့ ရုပ်သံညီလာခံအဖြစ် ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့ထိ တောင်ကိုရီးယားနိုင်ငံတွင်း မားစ်ကူးစက်ခံရသူ စုစုပေါင်း အယောက် ၁၈၀ ရှိတယ်လို့ အတည်ပြုထားပြီး ၂၉ ယောက်သေဆုံးတယ်၊ လုံးဝနေပြန်ကောင်းလို့ ဆေးရုံကဆင်းသွားသူ ၇၄ ယောက်နဲ့ ကုသမှုခံယူဆဲ ၇၇ ယောက် ရှိတယ်၊ သေဆုံးသူ အများစုဟာ နဂိုတည်းက ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေလို့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျန်းမာပြီး ဆေးရုံက ဆင်းနိုင်သူ ၄၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒဆိုင်ရာ လက်ထောက်ဝန်ကြီးက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံတွင်း မားစ်ရောဂါ ကူးစက်မှုဟာ စတင်မြစ်ဖျားခံရာ ဆော်ဒီအာရေဗျ ပြင်ပမှာ အကြီးဆုံး ကူးစက်မှုပါ။ မားစ်ရောဂါ ကူးစက်မှု အများစုနဲ့ သေဆုံးမှုတွေက ဆော်ဒီအာရေဗျနိုင်ငံမှာ ဖြစ်ပြီး လူကို စတင်ကူးစက်ချိန် ၂၀၁၂ ကနေ ခုထိ လူအယောက် ၁ ထောင်ကျော်ကို ကူးစက်ခဲ့ပြီး ၄၅၄ ယောက် သေဆုံးခဲ့ပြီးပါပြီ။
6 years Ago
More News
Up