တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ယူသည့် စပိန်အသင်း

June 2, 2016

တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ယူသည့် စပိန်အသင်း (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ပြိုင်ပွဲဝင်မယ့် လက်ရှိချန်ပီယံ စပိန်အသင်းဟာ အာရှထိပ်သီး တောင်ကိုရီးယားနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ရာ ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ စပိန်အသင်းအတွက် ပွဲချိန် မိနစ် ၃၀ မှာ ဒေးဗစ် ဆေးလ်ဗား၊ ၃၂ မိနစ်မှာ ဖာဘရီဂတ်စ်၊ ၃၈ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ နိုလီတိုနဲ့ ပွဲချိန် မိနစ် ၅၀ နဲ့ ၈၉ မိနစ်တို့မှာ မိုရာတာတို့က အသီးသီး ဂိုးသွင်းယူပေးခဲ့ပါတယ်။ တောင်ကိုရီးယားအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ၈၃ မိနစ်မှာ ဆီဂျွန်ဂျူးက သွင်းယူပေးခဲ့ပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၂ နှစ်ကြိမ်ဆက် ယူရိုချန်ပီယံဖြစ်တဲ့ စပိန်အသင်းဟာ အခု ၂၀၁၆ ပြိုင်ပွဲမှာလည်း အနိုင်ယူပြီး သုံးကြိမ်ဆက် ဗိုလ်စွဲနိုင်တဲ့အသင်းဖြစ်ဖို့ ပြင်ဆင် ကြိုးစားနေတာပါ။ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် စပိန်အသင်းဟာ ဂျော်ဂျီယာအသင်းနဲ့ လာမယ့် ဇွန်လ ၇ ရက်နေ့ကျရင် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
6 years Ago
Up