တောင်ကိုရီးယားကုန်တင်သင်္ဘော

April 2, 2017

တောင်ကိုရီးယားကုန်တင်သင်္ဘော တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပျောက်ဆုံး

လူ ၂၄ ဦးပါတဲ့ တောင်ကိုရီးယား ကုန်တင်သဘောင်္ကြီးတစ်စီး တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ပျောက်ဆုံးနေတယ်လို့ ဘီဘီစီရဲ့ ဧပြီ ၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ဖိလစ်ပိုင် သဘောင်္သား ၂ ဦးပါတဲ့ အသက်ကယ်လှေကို ကယ်ဆယ်ခဲ့တယ်လို့ ဥရုဂွေးရေတပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီမှာ သတင်းထုတ်ပြန်ထားတာပါ။ သင်္ဘောဝန်ထမ်းတစ်ဦးက မတ်လ ၃၁ ရက်နေ့က ၃၁၂ မီတာ (၁၀၂၄ ပေ) ရှည်တဲ့ စတဲလာဒေစီဖရိုက်တာ သင်္ဘောကြီးက ရေယိုနေကြောင်း သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။ ဥရုဂွေးရေတပ်မှ အဲ့ဒီသင်္ဘောကို စရှာဖို့ စတဲလာဒေစီ သင်္ဘောနေရာတစ်ဝိုက်ကို ကုန်တင်သဘောင်္တွေ လွှတ်ပေးခဲ့တယ်၊ သင်္ဘောဆီနံ့ပြင်းပြင်းရကြောင်း သတင်းပို့တယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “သဘောင်္ပေါ်က ကျန်တဲ့ လူ ၂၂ ဦးကို ဆက်လက်ရှာဖွေနေတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကလည်း ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။ ရှာဖွေရေးအတွက် ကူညီပေးဖို့ ဘရာဇီးလ်နဲ့ ဥရုဂွေးနိုင်ငံတွေကို အကူအညီတောင်းထားတယ်လို့ နိုင်ငံခြားရေး အရာရှိက ပြောပါတယ်။ တန်ချိန် ၂ သိန်း ၆ သောင်းနဲ့ အလွန်ကြီးမားတဲ့ တွင်းထွက်သတ္တူသယ်ဆောင်သင်္ဘောကြီး (ဗွီအယ်လ်အိုစီ)/Very Large Ore Carrier ကို တောင်ကိုရီးယားကုမ္ပဏီတခုက လုပ်ဆောင်နေတာဖြစ်ပြီး သဘောင်္ပေါ်မှာ ဖိလစ်ပိုင်လူမျိုး ၁၆ ဦးနဲ့ တောင်ကိုရီးယားလူမျိုး ၈ ဦး ပါတယ်လို့ သိရပါတယ်။ သဘောင်္က ဘရာဇီးလ်နိုင်ငံက ထွက်ခွာခဲ့တာလို့ သိရပါတယ်။
4 years Ago
Up