တောင်ကုတ်မြို့ ကိုင်းရှည်တံတားအောက်တွင် လက်ပြန်ကြိုးတုပ်အလောင်းတွေ့ရှိ

A d v e r t i s e m e n t With Us

February 15, 2016

တောင်ကုတ်မြို့ ကိုင်းရှည်တံတားအောက်တွင် လက်ပြန်ကြိုးတုပ်အလောင်းတွေ့ရှိ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက် ကိုင်းရှည်တံတားကြီးအောက်မှာ ဒီနေ့ မနက် ၇ နာရီခန့်က လက်ပြန်ကြိုးတုပ်ပြီး သေဆုံးနေတဲ့ လူငယ်တစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ တောင်ကုတ်ရဲစခန်းက ပြောပါတယ်။ “လူသေမှုဖြစ်ပွားတာတော့ ဟုတ်ပါတယ်။ သေဆုံးတာက လူငယ်တယောက်ပါဘဲ၊ ဂူတာ ရပ်ကွက်ထဲကလို့ ပြောတယ်။ ကျနော်တို့ဆီကို သိမ်တောင်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အကြောင်းကြားလို့ အခုစခန်းမှူးတို့က ဆေးရုံကို လိုက်သွားနေတယ်။ အလောင်းကို ရင်ခွဲစစ်ဆေးနေတယ်လို့ပဲ သိရတယ်။ ဘာဖြစ်လို့ သေသလဲ ဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ။” သေဆုံးသူဟာ တောင်ကုတ်မြို့ ဂူတာတံတားဦးတွင် နေထိုင်သူ ဒေါ်လှရွှေရဲ့သား အသက် ၂၄ နှစ်အရွယ် မောင်သာထွန်း ဆိုသူဖြစ်တယ်လို့ သိရှိရပါတယ်။ သေဆုံးသူဟာ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အသတ်ခံရပြီး မည်သူမည်ဝါ သတ်သည်ကို မသိရှိရသေးဘဲ အဆိုပါလူသတ်မှုကို ပုဒ်မ ၃၀၂ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ တောင်ကုတ်ရဲစခန်းက သိရပါတယ်။ ဓာတ်ပုံ - U Aung Naing
5 years Ago
Up