တောင်ကိုးရီးယား

April 25, 2015

လုပ်ငန်းခွင် တိုးတက်ကောင်းမွန်ရေး တောင်ကိုးရီးယား အလုပ်သမားများ ဆန္ဒပြ

လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေး အတွက် ထောင်နဲ့ ချီတဲ့ ကိုးရီးယား အလုပ်သမားတွေ မြို့တော် ဆိုလ်းမှာ ဧပြီ ၂၄ ရက်က ဆန္ဒပြခဲ့ပါတယ်။ အလုပ်သမား ၇ထောင်လောက်ပါဝင်တဲ့ ဆန္ဒပြပွဲကို မေ ၁ရက် အလုပ်သမားနေ့ အထိ ကျင်းပသွားမယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ တောင်ကိုရီးယားအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU)က ပြောပါတယ်။ အလုပ်သမားအငြိမ်းစားလစာတွေကို ဖြတ်တောက်မှု၊ အလုပ်သမားတွေကို အလုပ်ဖြုတ်နိုင်အောင် ဥပဒေပြင်ဆင်ရေး ဆွဲမှုတွေ အတွက် အစိုးရကို ဆန့်ကျင်ကန့်ကွက်တာလို့ အလုပ်သမားအဖွဲ့ချုပ်ပြောခွင့်ရ ပတ်ခ်ဆွန်ရှိုက်က ပြောပါတယ်။ ဒါအပြင် အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်တိုးတက်ကောင်းမွန်ရေး၊ တနာရီချင်းလုပ်ခ တိုးမြှင့်ပေးရေး၊ နိုင်ငံတော် ပင်စင်စားစနစ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရေးနဲ့ အခြား အလုပ်သမားအခြေခံအခွင့်အရေးတွေ ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ အခြေခံအလုပ်သမားအခွင့်အရေးတောင်းဆိုတာထက် အစိုးရမူဝါဒတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ ဆန္ဒပြပွဲလို့ တောင်ကိုရီးယားဒုတိယ၀န်ကြီးချုပ်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒီဆန္ဒပြတွေဟာ တရားမ၀င်လို့ အရေးယူဆောင်ရွက်မယ်လို့ ဒသခံ Yonhap သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
7 years Ago
Up