ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုးရီးယားက ကမ္ဘာ့မြားပစ်ချန်ပီယံ ကင်ဝူးဂျင်က ပထမဆုံးအကြိမ်အဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကင်ဝူးဂျင်က အမှတ် ၇၀၀ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် မြားပစ်ပြိုင်ပွဲမှာ တနိုင်ငံတည်းသား အင်ဒေါင်ဟွန်း ရရှိထားတဲ့ ကမာစံချိန် ရမှတ် ၆၉၉ မှတ်ကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။
အခု မြားပစ်ပြိုင်ပွဲဟာ အိုလံပစ်ပြိုင်ပွဲမှာ ၀င်ခွင့်ရဖို့ အတွက် အကြို ယှဉ်ပြိုင်ရတာ ဖြစ်ပြီး လက်ရည်မီတဲ့သူတွေက ရှုံးထွက်ပြိုင်ပွဲတွေမှာ ကစားခွင့်ရမှာ ဖြစ်ပါတယ်။
"ဒါဟာ လက်ရည်စစ်ပြိုင်ပွဲ ဖြစ်တဲ့အတွက် သိပ်တော့ မပျော်မိပါဘူး။ ကမ္ဘာ့စံချိန်တင်နိုင်ဖို့က အရေးကြီးပေမယ့် မနက်ဖြန်ပွဲတွေက ပိုအရေးကြီးတယ်” လို့ ကင်က ပြောပါတယ်။
ရှုံးထွက်ပြိုင်ပွဲတွေဟာ သြဂုတ် ၈ ရက်မှာ စတင်မှာ ဖြစ်ပြီး သြဂုတ် ၁၃ ရက်မှာ နောက်ဆုံးပြိုင်ပွဲတွေ ကစားမှာ ဖြစ်ပါတယ်။
5 years Ago