တောင်ကိုရီးယား သမ္မတဟောင်းကို

April 6, 2018

တောင်ကိုရီးယား သမ္မတဟောင်းကို ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်ချမှတ်

  တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ရဲ့ ဗဟိုခရိုင်တရားရုံး တရားသူကြီးက တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးအား ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ် ဒီကနေ့ စီရင်လိုက်ပါတယ်။ အစိုးရ ရှေ့နေတွေက ပတ်ဂွန်ဟေးကို ထောင်ဒဏ် နှစ် ၃၀ ချဖို့ ဆော်သြခဲ့တာပါ။ သူဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။ ပတ်ခ်ဟာ ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၁၁ သန်းကိုပါ ပေးဆောင်ဖို့ စီရင်ချက် ချမှတ် ခံရပါတယ်။ သူဟာ ၂၀၁၇ မတ်လမှာ အဖမ်းခံရပြီးတည်းက ဆိုးလ်မြို့တော်နားက အချုပ်ခန်းထဲမှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ပတ်ခ်ကတော့ ဒီစွဲချက်ဟာ နိုင်ငံရေးအကွက်ရွှေ့တာလို့ ပြောကြားလိုက်ပြီး ကျန်းမာရေးကို အကြောင်းပြကာ တရားရုံး ကြားနာပွဲကိုတက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပတ်ခ်ဟာ သူ့အနီးကပ် သူငယ်ချင်း ချွေးဆွန်းစဲလ်ကို အစိုးရရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့် အများအပြား ပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ ဒါ့အပြင် သူတို့ သူငယ်ချင်း ၂ ယောက်ဟာ မူဝါဒရေးရာ မျက်နှာသာ ရရေးအတွက် လုပ်ငန်းစုကြီးတွေဆီက ဒေါ်လာသန်း ဆယ်ချီပြီး လာဘ်ယူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
3 years Ago
Up