တောင်ကိုရီးယား စစ်ဦးစီးချုပ်ဟောင်းနှင့် စီးပွားရေးညွှန်မှူးဟောင်းတို့ကို ကြားနာစစ်ဆေး

December 8, 2016

တောင်ကိုရီးယား စစ်ဦးစီးချုပ်ဟောင်းနှင့် စီးပွားရေးညွှန်မှူးဟောင်းတို့ကို ကြားနာစစ်ဆေး

ဒီဇင်ဘာ ၇ ရက်နေ့ကလုပ်တဲ့ ဒုတိယအသုတ် လွှတ်တော်ကြားနာမှုအတွင်း လာဘ်စားမှုနဲ့ ပြဿနာတက်နေတဲ့ တောင်ကိုရီးယားသမ္မတကိစ္စနဲ့ ပတ်သက်ပြီး ကိုရီးယား စစ်ဦးစီးချုပ်ဟောင်း ကင်မ်ကီချွန်း (Kim Ki-choon) နဲ့ စီးပွားရေး ညွှန်မှူးဟောင်း ချာယွန်တောက် (Cha Eun-taek) တို့ကို ကြားနာစစ်ဆေးခဲ့ပါတယ်။ ဒီကြားနာမှုအတွင်း ကိုရီးယားစစ်ဦးစီးချုပ်ဟောင်း ကင်မ်က “သမ္မတ ပတ်ကို မလျော်မကန် ကူညီခဲ့တာတွေနဲ့ပတ်သက်ပြီး ကျနော် တောင်းပန်ပါတယ်။ ဒါဟာ ရှက်စရာကောင်းတဲ့ကိစ္စပါ” လို့ ပြောသွားပါတယ်။ လက်ရှိသမ္မတ ပတ်ရဲ့ အဓိကလက်ထောက်တဦးဖြစ်တဲ့ စီးပွားရေးညွှန်မှူးဟောင်း ချာယွန်တောက်ကလည်း “သမ္မတပတ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချွိုင်စွန်းစီ (Choi Soon-sil) က ၀န်ကြီးအဖွဲ့ဝင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နာမည်အတော်များများကို ထောက်ခံပေးဖို့ သူ့ကို မကြာခဏ တောင်းဆိုခဲ့ကြောင်း၊ ဒီအတွက် နာမည်တချို့ကို သူထောက်ခံပေးခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ ကင်မ်ဂျုံဒေါက် (Kim Jong-deok) ယဉ်ကျေးမှုဝန်ကြီးဖြစ်လာကြောင်း” ၀န်ခံသွားပါတယ်။ လက်ရှိ ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးဟာ အရပ်သားတဦးဖြစ်တဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချွိုင်စွန်းစီကို အစိုးရအဖွဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ပေးသိခဲ့ပြီး အဲဒီအမျိုးသမီးဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်နေတာကြောင့် အများက ဝေဖန်နေတာ ဖြစ်ပါတယ်။
5 years Ago
Up