တောင်ကိုရီးယား ငရဲခန်းတွင်းက ခွေးကလေးများ၏ ကံကြမ္မာ

A d v e r t i s e m e n t With Us

December 5, 2016

တောင်ကိုရီးယား ငရဲခန်းတွင်းက ခွေးကလေးများ၏ ကံကြမ္မာ (ရုပ်သံ)

ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ခွေးအသားကုန်သွယ်ရောင်းဝယ်မှုနဲ့ဆိုင်တဲ့ သွေးပျက်ဖွယ် ရက်စက်တဲ့ အမှန်တရားတခုပါပဲ။ သားသတ်ရုံတွေဆီ မပို့ဆောင်ခင် ညစ်ပတ်ပေရေနေတဲ့ သံချေးအထပ်ထပ်နဲ့ လှောင်အိမ်တွေထဲမှာ ခွေးကောင်ရေ ၂၀၀ ကျော်ကို ပိတ်လှောင်ကျွေးမွေးထားခဲ့ကြတာကို တွေ့ရမှာပါ။ တောင်ကိုရီးယားနိုင်ငံတ၀ှမ်းလုံးက ခွေးမွေးမြူရေးလုပ်ငန်းခွင် ၁ သောင်း ၇ ထောင်လောက်ကနေ နှစ်စဉ် ခွေးကောင်ရေ ၂ သန်းခွဲလောက်ဟာ သားသတ်ရုံတွေကတဆင့် စားသောက်စားပွဲတွေဆီ ရောက်ရှိသွားကြတာပါ။ ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားထုတ်လုပ်မှုလုပ်ငန်းခွင်ဟာ ရိုးရာစားသောက်မှုအနေနဲ့ ရှိနေပေမယ့် ဝေဖန်မှုများတဲ့ ကိစ္စတခုလည်း ဖြစ်နေတာပါ။ အငြင်းပွားစရာတွေနဲ့ ဒီလုပ်ငန်းခွင်မှာ လည်ပတ်နေတဲ့ တန်ဖိုးငွေဟာ ပေါင်သန်း ၂၀၀ လောက်ရှိနေပြီး တောင်ကိုရီးယားနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းတွေဆီ ပို့ဆောင်ပေးမှု တခုတည်းအတွက် တရားဝင်လိုင်စင်ရ သားသတ်လုပ်ငန်း ၁၀၀၀ အပြင် တရားမ၀င်လိုင်စင်နဲ့  ထုတ်လုပ်မှုတွေလည်း ရှိနေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မေရာသတင်းဌာနက ဖော်ပြထားတဲ့ သတင်းပေးပို့မှုတွေကို တွေ့ရမှာပါ။ သတင်းအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ကနေ မိုင် ၁၀၀ လောက် အကွာမှာရှိတဲ့ ခွေးမွေးမြုရေးခြံတခုထဲမှ ခွေးကောင်ရေ ၂၀၀ ကို တွေ့ရှိခဲ့ကြတာပါ။ သားသတ်ရုံတွေဆီ ပို့ဆောင်မယ့် ခွေးကလေးတွေဟာ အရောင်စုံ၊ အသွေးစုံ၊ အမျိုးအစားစုံနဲ့ ရှိနေတာဖြစ်ပြီး သူတို့ရဲ့ကံကြမ္မာဟာ တကယ့်ကို ရက်စက်တဲ့ အခြေအနေတခုပါပဲ။ ဟျူမိန်း အပြည်ပြည်ဆိုင်ရာလူမှုအဖွဲ့အစည်း တိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ၀င်ဒီဟစ်ဂင်စ်က ခုလို မွေးမြူရေးလုပ်ငန်းနဲ့ သားသတ်ရုံလုပ်ငန်းခွင်တွေကို ဆိုးဝါးရက်စက်တဲ့ လုပ်ငန်းတွေလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေ အပါအ၀င် အာရှဒေသနိုင်ငံတွေရဲ့ နှစ်စဉ် ခွေးသားစားသောက်မှု ပမာဏဟာ ခန့်မှန်းခြေကောင်ရေ သန်း ၃၀ ရှိနေတာပါ။ တောင်ကိုရီးယားနိုင်ငံမှာတော့ နွေဦးရာသီကာလတွေဟာ ခွေးသားစားသုံးမှု ရေပန်းအစားဆုံးအချိန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up