တောင်ကိုရီးယားနိုင်ငံသား ငြင်းဆို

A d v e r t i s e m e n t With Us

March 2, 2018

အမျိုးသမီးများအား ဂျပန်စစ်တပ် လိင်ကျွန်ပြုခဲ့မှု တောင်ကိုရီးယားနိုင်ငံသားများ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂျပန်သံရုံးရှေ့မှာ မတ် ၁ ရက်က ရာနဲ့ချီတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာ  ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဂျပန်ခေတ် လိင်ကျွန်ပြုခံရတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ဆယ်ကျော်သက်အရွယ် ဖိနပ်မပါတဲ့ မိန်းကလေး ကြေးရုပ်ကို ရှေ့မှာထားပြီး  ဂျပန်အစိုးရကို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်တွင်းလိင်ကျွန်ပြဿနာအတွက် ဂျပန်အစိုးရနဲ့ သဘောတူညီချက် ရယူခဲ့တဲ့ တောင်ကိုရီးယားအစိုးရကို ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ဖြစ်ခဲ့တဲ့ အမျိုးသမီး ၁ ဦးက ဝေဖန်ခဲ့ပါတယ်။ တောင်ကိုရီးယား အစိုးရဟာ ဂျပန်နဲ့သဘောတူညီချက်ရယူခဲ့ရာမှာ သူတို့ကို အသိပေးတိုင်ပင်မှု မရှိခဲ့ဘူးလို့ စစ်တွင်း ဂျပန်တွေရဲ့ လိင်ကျွန်ပြုခံခဲ့ရတဲ့  အမျိုးသမီး  လီယောင်ဆု (၈၈နှစ်)က ပြောပါတယ်။ အစိုးရကိုလည်း ယုံကြည်လို့မရတဲ့အကြောင်းနဲ့ အဆုံးထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း လီကပြောကြားခဲ့ပါတယ်။ “ဒီနေ့ မတ်လ ၁ ရက်နေ့က တော်လှန်ရေးလှုပ်ရှားမှု အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျမလာတာက  ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကို ဆန္ဒပြဖို့နဲ့ လိင်ကျွန်ကိစ္စကို ၀န်မခံတဲ့ ဂျပန်တွေကို ဒေါသထွက်တဲ့အကြောင်း ပြဖို့ ဖြစ်ပါတယ်” လို့ ဆန္ဒပြအမျိုးသမီးတဦးက ပြောပါတယ်။ “ကျမတို့ စစ်အတွင်း ဂျပန်စစ်တပ်မှာ လိင်ကျွန်အဖြစ်နဲ့ အဓမ္မစေခိုင်းခံခဲ့ရတဲ့ ကျန်ရှိနေတဲ့ ၃၃ ဦးကိုလည်း ဒီနေ့ ဒီကိုခေါ်လာခဲ့ပါတယ်။ ဒါက သူတို့အတွက် ကျနော်တို့ လုပ်ပေးနိုင်တာ အကုန်ပါပဲ။ လူတွေကလာပြီး သူတို့ကို ထောက်ခံကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ သူတို့ အသက်ရှင်နေတုန်း လိင်ကျွန်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရင် သိပ်ကောင်းမှာပါလို့” အရပ်ဘက် အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တဦးက ပြောကြားခဲ့တာပါ။ နှစ်ဖက်အစိုးရရဲ့ နောက်ဆုံးသဘောတူညီချက်အရ ဂျပန်အစိုးရက ရန်ပုံငွေတည်ထောင်ပြီး လိင်ကျွန်ပြုခံခဲ့ရသူတွေကို ထောက်ပံ့ကူညီပြီး ၀န်ကြီးချုပ်ရှင်ဇိုအာဘေးက ထပ်မံတောင်းပန်မယ်လို့ သိရပါတယ်။
3 years Ago

February 11, 2018

ရာနှင့်ချီသည့် တောင်ကိုရီးယားနိုင်ငံသားများ မြောက်ကိုရီးယားကို ဆန္ဒပြ

ရာနဲ့ချီတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေဟာ မြို့တော်ဆိုးလ်မှာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆင်နွှဲပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံးက တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ အစည်းအဝေး ကျင်းပနေချိန်မှာ ခုလို ဆန္ဒပြတာပါ။ သမ္မတ အိမ်ပြာတော်နဲ့ ၃ ကီလိုမီတာသာဝေးတဲ့ ဆိုးလ်မြို့လယ်မှာ ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံကို တက်နင်းခဲ့ပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး ဆောင်ပုဒ်တွေကို ဟစ်ကြွေးခဲ့ပါတယ်။ မွန်းကတော့ အိမ်ပြာတော်မှာ ကင်မ်ယိုဂျုံးအတွက် ဆွေးနွေးပွဲနဲ့ နေ့လယ်စာစားပွဲကို တည်ခင်းဧည့်ခံပါတယ်။ ကင်မ်ဟာ သူ့အကိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ဖေဖော်ဝါရီ ၉ ရက်က တောင်ကိုရီးယား နိုင်ငံကို ရောက်လာတာပါ။ သူနဲ့အတူ တခြားမြောက်ကိုရီးယား အရာရှိတွေဟာ ပြုံချန်းမြို့မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ကင်မ်ယိုဂျုံးဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချိရေးနဲ့ အတွေးအခေါ် လှုပ်ရှားမှု ဗဟို အကြီးအကဲပါ။ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲအပြီး နယ်စပ်ကို ဖြတ်ပြီး တောင်ကိုရီးယားကို လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်မျိုးဆက်ရဲ့ ပထမဆုံး မိသားစုဝင်လည်း ဖြစ်ပါတယ်။
3 years Ago
Up