တောင်ကိုရီးယားဘောလုံးအသင်း

June 16, 2017

တောင်ကိုရီးယားဘောလုံးအသင်းနည်းပြကို ရာထူးမှ ထုတ်ပယ်

တောင်ကိုရီးယား ဘောလုံးအသင်း ရလဒ်တွေ မကောင်းလို့ နည်းပြ အူလီ စတီးလိုက်ကို ဇွန် ၁၅ ရက်နေ့က ထုတ်ပယ်လိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲမှာ ကာတာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးတဲ့ ပွဲအပြီးမှာ ထုတ်ပယ်လိုက်တာပါ။ အသက် ၆၂ နှစ်အရွယ် ဂျာမန်နည်းပြ အူလီ စတီးလိုက်ဟာ တောင်ကိုရီးယားအသင်းနဲ့ ၂၀၁၄ မှာ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒါပေမယ့်လည်း ခြေစစ်ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားတဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားပြီး နည်းပြသစ် ဘယ်သူ့ကိုခန့်မလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုထားပါတယ်။ လောလောဆယ် အာရှဇုန် ခြေစစ်ပွဲ အုပ်စုအေမှာ တောင်ကိုရီးယားအသင်းဟာ ၁၃ မှတ်ပဲ ရသေးပြီး အမှတ်ပေးဇယားထိပ်က အီရန်ရဲ့နောက် ၇ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
4 years Ago
Up