တောင်ကိုရီးယားရှိ ကိုယ်ကာယ လေ့ကျင့်ရေးစင်တာ မီးလောင်၊ ၂၉ ဦး သေ

December 22, 2017

တောင်ကိုရီးယားရှိ ကိုယ်ကာယ လေ့ကျင့်ရေးစင်တာ မီးလောင်၊ ၂၉ ဦး သေ

တောင်ကိုရီးယားနိုင်ငံ ဂျေချွန်းမြို့က အထပ် ၈ ထပ်ရှိတဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာ မီးလောင်ခဲ့ရာမှာ လူ ၂၉ ဦး သေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီမီးလောင်မှုမှာ ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဂျေချွန်းမြို့တော်ဝန် လီခန်းဂျိုက ဒီဇင်လာ ၂၂ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ ၈ ထပ်အဆောက်အဦရဲ့ မြေအောက်ကားရပ်နားရာ နေရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလည်းဖြစ်ပြီး အဆောက်အဦတခုလုံးကို မီးကူးစက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဂျေချွန်းမီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းဟာ ဂျေချွန်းမြို့ကို ဒီဇင်ဘာ ၂၃ ရက်မှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် သမ္မတ အလည်အပတ်သွားရောက်မယ့် အချိန်နဲ့ နေရာကိုတော့ သမ္မတရုံးက ပြောကြားခဲ့တာ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up