တောင်ကိုရီးယားတွင် သမ္မတနုတ်ထွက်ပေးရန် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆို

October 31, 2016

တောင်ကိုရီးယားတွင် သမ္မတနုတ်ထွက်ပေးရန် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆို

တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက လူအတော်များများ လမ်းပေါ်ထွက်လာကြပြီး သမ္မတ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြကြပါတယ်။ နိုင်ငံ့အရေးအရာ ကိစ္စတွေမှာ သမ္မတဟာ သူ့သူငယ်ချင်းကို အသိပေး တိုင်ပင်ခဲ့တဲ့ ကိစ္စကို မကျေနပ်တဲ့အတွက် အခုလို ဆန္ဒပြနေကြတာပါ။ ဆန္ဒပြသမားတွေဟာ နာရီအတန်ကြာအေင် “ပါ့ခ် ဂွန်ဟိုင်း နုတ်ထွက်ပါ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ဒီထက်ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်အောင် လူစုနေတယ်လို့လည်း စည်းရုံးနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်လုံးလည်း သမ္မတ ပါ့ခ်ဂွန်ဟိုင်းဟာ ဒီလို ဖိအားပေးမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုဆိုရင် သူ့အပေါ် လူထုထောက်ခံမှုဟာ ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ၂၀၁၃ ရာထူးလက်ခံခဲ့တဲ့ နောက်ပိုင်း အနိမ့်ဆုံး အခြေအနေထိ ရောက်နေပါတယ်။ အခုကိစ္စဟာ သမ္မတ ပါ့ခ်က သူ့ရဲ့ယုံကြည်ရတဲ့ မိတ်ဆွေ ချိုင်းဆွန်ဆေးနဲ့  နိုင်ငံ့အရေးအရာ ကိစ္စတွေကို ကြိုတင်အသိပေး တိုင်ပင်ခဲ့တာနဲ့ ပတ်သက်ပါတယ်။ ချိုင်းဆွန်ဆေးဟာ အစိုးရအဖွဲ့ထဲမှာ ဘာတာဝန်မှ မယူထားပေမယ့် ကေဆွန်း စက်မှုဇုန်ကို ပိတ်ဖို့ အစိုးရက ဆုံးဖြတ်တဲ့ကိစ္စ၊ ဝန်ကြီးတွေခန့်ထားတဲ့ ကိစ္စတွေမှာ စွက်ဖက်ခဲ့သလို သမ္မတရဲ့ မိန့်ခွန်းတွေကိုလည်း တည်းဖြတ်ပေးခဲ့သူ ဖြစ်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတ ပါ့ခ် ကိုယ်တိုင်က တရားဝင် တောင်းပန်ခဲ့ပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ မကျေနပ်သေးဘဲ နုတ်ထွက်ပေးဖို့အထိ ဆက်လက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
5 years Ago
Up