တောင်ကိုရီးယားအစိုးရ အထူးရှေ့နေအဖွဲ့ဟာ ပင်စင်ရန်ပုံငွေရုံးကို ဒီဇင်ဘာ ၂၁ ရက်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
တောင်ကိုရီးယား ပင်စင်ရန်ပုံငွေဟာ ကမ္ဘာမှာ တတိယအများဆုံး ရန်ပုံငွေ ဖြစ်ပါတယ်။
စုံစမ်းရေးမှူးတွေ ဝင်ရောက်စစ်ဆေးတဲ့ ကိစ္စဟာ သမ္မတကို လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်တဲ့အထိ ဖြစ်ခဲ့တဲ့ အကျင့်ပျက် ခြစားမှု ကိစ္စနဲ့လည်း ဆက်နွယ်နေတယ်လို့ အစိုးရ အထူးရှေ့နေအဖွဲ့ဝင်တဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရန်ပုံငွေရုံးကို ဝင်စစ်တဲ့တချိန်တည်းမှာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနကိုလည်း ဝင်စစ်ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ရန်ပုံငွေရုံးဟာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနအောက်မှာ ရှိတာဖြစ်ပြီး ဝန်ကြီးဌာန ပြောခွင့်ရသူကလည်း သူတို့ဌာန စစ်ဆေးခံရတဲ့အကြောင်းကို အတည်ပြုပါတယ်။
6 years Ago