တောင်ကိုရီးယားကို သွားရောက်အလုပ်လုပ်ခွင့်ရရန်

March 21, 2017

တောင်ကိုရီးယားကို သွားရောက်အလုပ်လုပ်ခွင့်ရရန် ကြိုးပမ်းနေကြသူများ- သတင်းဓာတ်ပုံ

တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ဖို့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ လာရောက် ထုတ်ယူသူ အရေအတွက်ဟာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာ တရက်တည်းနဲ့ ၁ သောင်းကျော် ရှိနေတာကြောင့် တိုးကြိတ်နေရတဲ့ အနေအထားအထိ ဖြစ်ခဲ့ပါတယ်။ အခုလို လာရောက်ထုတ်ယူတဲ့သူ များရတာဟာ အရင်နှစ်ကထက်  လျှောက်လွှာ ရောင်းတဲ့နေ့ ရက်အချိန်နည်းသလို လူ ၄ ထောင်သာ ခေါ်ယူမှာ ဖြစ်တဲ့အတွက် အခုလို  တိုးကြိတ်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်လွှာ နံပါတ်စဉ်ကို ဦးစားပေးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် တိုးဝှေ့နေကြရတာလို့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မုံရွာကလာရောက်သူ တယောက်က ပြောပါတယ်။
5 years Ago
Up