ညောင်ဦး

April 21, 2019

ညောင်ဦးတွင် မီးလောင်ကျွမ်း၊ နေအိမ်အဆောက်ဦ ၄ လုံး ဆုံးရှုံး

မန္တ​လေးတိုင်း​ဒေသကြီး ​ညောင်​ဦးမြို့မှာ ဧပြီ ၂၀ ရက်နေ့ ​​နေ့လယ်​က ​ရေခဲ​သေတ္တာ​ဆေ့ကတ်​ အပူလွန်​ကဲ မီးကူးစက်​​လောင်​ကျွမ်းခဲ့လို့ အ​ဆောက်​ဦ ၄ လုံး ဆုံးရှုံးခဲ့တယ်​လို့ ​ညောင်​ဦးမြို့နယ်​မီးသတ်​က ပြောပါတယ်။ ​ညောင်​ဦးမြို့ အမှတ်​ ၆ ရပ်​ကွက်​၊ ဖူးချစ်​ ကုန်​စုံဆိုင်​ ခြံဝန်းအတွင်း အသုံးပြုထားတဲ့​ ရေခဲ​သေတ္တာ သုံး​ဆေ့ကတ်​ အပူလွန်​ကဲပြီး ထရံကာကို မီးစတင်​​လောင်​ကျွမ်းခဲ့ကာ အနီးရှိ နေအိမ်​ အဆောက်ဦတွေကို ကူးစက်​ခံခဲ့ရတပါ။ စုစု​ပေါင်း နေအိမ်အ​ဆောက်​ဦ ၄ လုံးနဲ့ ကားဂို​ဒေါင်းအတွင်း အင်​ဂျင်​မပါတဲ့ မတ်​တူး အိမ်​စီးယာဉ်​ တ​စီး ဆုံးရှုံးခဲ့ရတယ်​လို့ မြို့နယ်​မီးသတ်​ ဒုဦးစီးမှူး ဦး​ကောင်းထက်​နိုင်​က ​ပြောပါတယ်​။ မီးသတ်ယာဉ် ၈ စီး၊ လူမှုရေးအသင်းအဖွဲ့ ရေသယ်ယာဉ် ၆ စီး၊ မီးသတ်တပ်ဖွဲ့၊ တပ်မတော်သားတွေ၊ ရဲတပ်​ဖွဲ့ဝင်တွေက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဖူးချစ်ကုန်စုံဆိုင်ပိုင်ရှင် ဦးစိုးမြင့်အား ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago

April 19, 2018

ပုဂံ-ညောင်ဦးဒေသရှိ ထန်းတောများထိန်းသိမ်းရေး စေတနာရှင်များဆောင်ရွက်နေ

  ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတလျှောက်က ထန်းတောတွေ ထိန်းသိမ်းရေးအတွက် တော်ဝင်ထန်းလို့ အမည်ပေးထားတဲ့ စေတနာရှင်တွေက ဆောင်ရွက်နေပါတယ်။ စေတနာရှင်တွေဖြစ်တဲ့ မပိုးဖြူနဲ့ သူရဲ့သူငယ်ချင်းအလှူရှင်က ကျပ်သိန်း ၃၀၀ ကနဦး မတည်ပြီး ဆောင်ရွက်နေတာပါ။ စေတနာရှင်မပိုးဖြူက “ကျမတို့နိုင်ငံရဲ့ ပုဂံ-ညောင်ဦးဆိုတာက တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်နေရာတခုပါ။ ပုဂံ-ညောင်ဦးနဲ့ ၃၅ မိနစ်အကွာမှာ ရှိတဲ့ဒီထန်းတောတွေကလည်း နိုင်ငံကျက်သရေကို ပိုပြီးပြည့်စုံစေပါတယ်။ ဒေသခံထန်းသမားတွေဆီက ထန်းပင်ဝယ်ဖို့ တိုင်ပင်နေတယ်”လို့ သူရဲ့လူမှုကွန်ရက်မှာရေးပါတယ်။ ပုဂံ-ညောင်ဦးနဲ့ ကျောက်ပန်းတောင်းလမ်းတလျောက်မှာ ထန်းတောတွေကို ခုပ်နေကြတဲ့အတွက် ကွင်းပြင်ကြီးတွေ တစစ ဖြစ်လာနေပါတယ်။ ဒ့ါကြောင့် ထန်းပင်ထိန်းသိမ်းရေးအတွက် ဟောပြောပွဲနဲ့ ထန်းလျက်နဲ့ ထန်းထွက်ပစ္စည်း ၁၀ ရက်သင်တန်းပေးနိုင်ဖို့ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုနဲ့ ဆွေးနွေးထားတယ်လို့လည်း မပိုးဖြူကပြောပါတယ်။
4 years Ago
Up