ဈေးမီးလောင်

January 25, 2019

မီးလျှံကြားပိတ်မိနေသည့် သားအမိ ၃ ဦးကို စွန့်စားကယ်တင်သည့် စစ်ပြန်အမျိုးသား (ရုပ်သံ)

တရုတ်နိုင်ငံမှ ဈေးတခု မီးလောင်ကျွမ်းခဲ့ချိန်မှာ မီးကြားပိတ်မိနေခဲ့တဲ့ သားအမိ ၃ ဦးကို အနီးရှိ စစ်ပြန်အမျိုးသားတဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ခရိုင်၊ ရှလျူမြို့က ဈေးတခုမှာ ဖြစ်ခဲ့ပြီး မီးတောက်တွေကြားမှာ အမျိုးသမီးနဲ့ သူ့ရဲ့သား ၂ ယောက် ပိတ်မိနေခဲ့တာလို့ စီဂျီတီအန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအချိန်မှာပဲ ဈေးအနီးနားမှာ အလုပ်လုပ်တဲ့ ဖန်လင်းလင်း အမည်ရတဲ့ စစ်ပြန်အမျိုးသားက ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ မီးတောက်မီးလျှံတွေကြား ပထမထပ်အခန်းရဲ့ လေသာဆောင်ဆီ လှေကားနဲ့တက်ခဲ့ပြီး အခန်းအပြင်ဘက် လုံခြုံရေးပိုက်ကွန်ကို တူနဲ့ ချိုးရိုက်ဖျက်ဆီးခဲ့ပြီး အပြင်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက်မှာတော့ အချိန်နဲ့တပြေးညီ သားအမိ ၃ ဦးစလုံးကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up