ဇေယျာသီရိမြို့နယ်

A d v e r t i s e m e n t With Us

September 14, 2015

ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံး

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းဟာ နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မြေကနေ တတိယမြောက်နေ့အဖြစ် စက်တင်ဘာ ၁၃ ရက်နေ့က မဲဆွယ် စည်းရုံးခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ လမ်း၊ တံတား၊ မီးလင်းရေးနဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ ရဖို့ လုပ်ဆောင်ပေးမယ်လို့ ပြောဆိုသွားပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းဟာ ဇေယျာသီရီမြို့နယ်မှာ စစ်ဘက် ဆရာဝန်တွေနဲ့ ဆေးကုပေးခဲ့တဲ့အတွက် အချိန်မတိုင်ခင် မဲဆွယ်တယ်ဆိုပြီး ကော်မရှင်မှာ အတိုင်ခံခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းဟာ ပြည်ခိုင်ဖြိုးပါတီကနေ လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တပ်မတော်ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။  
5 years Ago
Up