ဇေယျာလွင်

November 24, 2015

ဖမ်းဆီးခံ တကသကျောင်းသားခေါင်းဆောင်များကို ရုံးထုတ် (သတင်းဓာတ်ပုံ)

၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးနဲ့ လွှတ်တော်အတွင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြလို့ ဖမ်းဆီးခံခဲ့ရတဲ့ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို စက်တင်ဘာ ၂၄ ရက်နေ့က ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်ဆိုရင် အရင်ဆုံး အမိန့်မချရသေးဘဲ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  
6 years Ago

November 17, 2015

တကသကျောင်းသားခေါင်းဆောင်များ ရုံးထုတ် (သတင်းဓာတ်ပုံ)

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့ ပန်းဘဲတန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဇေယျာလွင်က နောက်လာမယ့် အစိုးရဟာ ပြည်သူတွေအားလုံး လိုအပ်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်တာ ကိုယ့်အိမ်ကြမ်းခင်းကို ကိုယ်မီးရှို့တာနဲ့ တူတဲ့အတွက် ထိုးစစ်ဆင်တာတွေ ရပ်တန့်စေချင်တယ်လို့လည်း ကိုပိုင်ရဲသူက ဒီဗွီဘီကို ပြောပါတယ်။ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ဟာ အခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ထဲက ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နုတ်ထွက်ပေးရေး ရန်ကုန်မြို့လယ် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  
6 years Ago
More News
Up