ဆွေး​နွေး

A d v e r t i s e m e n t With Us

July 19, 2019

သက်​ငယ်​မုဒိမ်းတားဆီးကာကွယ်ရေး ဖြိုးပြည့်စုံနှင့် အေသင်ချိုဆွေတို့ ပါဝင် ဆွေး​နွေး 

က​လေးသူငယ်​​တွေ လုံခြုံ​စေဖို့အတွက်​ သက်​ငယ်​မုဒိမ်း တားဆီးကာကွယ်ရေး ဆိုင်​ရာ​ဆွေး​နွေးပွဲကို ဇူလိုင်​ ၁၉ရက်​​က ရန်​ကုန်​မြို့မှာ ပြုလုပ်​ခဲ့ပါတယ်​။ ဒီဆွေးနွေးပွဲမှာ စိတ်​ကျန်းမာ​​ရေးဆရာဝန်​ကြီး​တွေဖြစ်တဲ့ ပါမောက္ခ ဒေါက်တာခင်မြင့်၊ ဒေါက်တာစိုးရွှေ၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်း (ဆရာဒေါင်းမာန်ဟုန်)၊ Lady Grace Diamond Land ဥက္ကဋ္ဌ ဒေါ်နန်းတင်မိုးသူနဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ အေသင်ချိုဆွေတို့  ပါဝင်​​ဆွေး​နွေးခဲ့ကြပါတယ်​။ က​လေးငယ်​​တွေကို လိင်​ပိုင်းဆိုင်​ရာအသိပညာ​တွေကို သင်​​ပေးတဲ့အပြင်​ သူတို့ကိုယ်​တိုင်​ ကာကွယ်​တတ်​ဖို့အတွက်​လည်း လိုတဲ့အ​ကြောင်း​တွေကိုလည်း ​ဆွေး​နွေးခဲ့ကြပါတယ်​။ ရင်​​သွေးတို့ဘဝလှပဖို့ သက်​ငယ်​မုဒိမ်းရန်​မှကာကွယ်​စို့ ​ခေါင်းစဉ်​နဲ့ ဒီ​ဆွေး​နွေးပွဲကို က​လေးငယ်​​တွေနဲ့ မိသားစုဝင်​​တွေတက်​​ရောက်​ခဲ့ကြပါတယ်​။ သတင်း၊ဓာတ်​ပုံ-စုစု
2 years Ago
Up