ဆွေးနွေးမှု

May 3, 2018

မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးမှု အောင်မြင်ချောမွေ့ရန် မျှော်လင့်ဟု တရုတ် ပြော

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ပြုလုပ်မယ့် ဆွေးနွေးမှု အောင်မြင်ချောမွေ့ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝမ်ယီက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီိယောင်ဟိုနဲ့ ပြုံယမ်းမြို့မှာ တွေ့ဆုံချိန် အခုလို ပြောလိုက်တာပါ။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလျှော့ချရေး လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားရဲ့ အားထုတ်မှုကို တရုတ်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ဝမ်က ပြောသည်။ ဒါ့ပြင် ဧပြီ ၂၇ ရက်နေ့က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သမ္မတ ၂ ဦး တွေ့ဆုံမှုနဲ့အတူ ထွက်လာတဲ့ ရလဒ်တွေကို တရုတ်နိုင်ငံက ကြိုဆိုကြောင်းလည်း ဝမ်ယီက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သင့်တော်တဲ့ တိုးတက်ရေးကို ဦးစားပေးတာ၊ စီးပွားရေးတည်ဆောက်မှုကို အားထုတ်ဖို့ အာရုံစိုက်တာကို တရုတ်က ထောက်ခံကြောင်းလည်း ဝမ်ယီက ရိယောင်ဟိုနဲ့ တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
3 years Ago
Up