ဆွေးနွေးမည်

January 15, 2018

ပြန်လည်စတင် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၆ ခု ဆွေးနွေးမည်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ ပြန်လည်စတင်ကျင်းပနေရာမှာ အသင့်ဖြစ်နေတဲ့ မေးခွန်း ၁၇၀ ကျော်နဲ့ ဆွေးနွေးစရာ ဥပဒေကြမ်း ၂၆ ခု ဆွေးနွေးဖို့ရှိနေရှိတယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ၇ ကြိမ်မြောက် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး နုတ်ဆက်စကားမှာ ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့တာပါ။ “ဒီနေ့ စတင်ကျင်းပတဲ့ သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ ၂၆ ခု ရှိပါတယ်။ မေးခွန်းများအနေနဲ့ ဆဋ္ဌမ ပုံမှန်အစည်းအဝေးက သတ္တမပုံမှန်အစည်းအဝေးကို ပြောင်းရွှေ့မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခုအပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း ၁၇၂ ခုရှိကြောင်း အသိပေးတင်ပြပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် အဆို ၈ ခုလည်း တင်သွင်းဖို့ ရှိနေတယ်လို့ ပြောပါတယ်။ အစည်းအဝေးရပ်နားထားတဲ့ ကာလအတွင်း ကွယ်လွန်သွားတဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
4 years Ago

September 16, 2017

ပဋိပက္ခပြေလည်စေရေး ဗင်နီဇွဲလားအစိုးရနှင့်အတိုက်ခံ ဆွေးနွေးမည်

ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ်မာဒူရိုက နိုင်ငံတွင်းပဋိပက္ခတွေကို ပြေလည်စေဖို့ အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးညှိနှိုင်းဖို့ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ သဘောတူညီလိုက်ပါတယ်။ တကမ္ဘာလုံးက ဝိုင်ဝန်းစောင့်ကြည့်နေရတဲ့ ပဋိပက္ခအရေးကို ပြေလည်အောင် ဆွေးနွေးကြမယ့် အဲဒီအစည်းအဝေးကို မက္ကဆီကို၊ ချီလီ၊ ဘိုလီးဗီးယားနဲ့ နီကာရာဂွာ နိုင်ငံတို့ကလည်း တက်ရောက်ကြမယ်၊  ဆွေးနွေးပွဲကိုတော့ စက်တင်ဘာ ၂၇ ရက်နေ့ ပြုလုပ်မယ်လို့သိရပါတယ်။ အစည်းအဝေးတက်ရောက်မယ့် ၄ နိုင်ငံထဲက မက္ကဆီကိုနဲ့ ချီလီတို့ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီင်္ ဖောက်ဖျက်ကျူးလွန်မှုတွေအတွက် ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး ဘိုလီးဗီးယားနဲ့ နီကာရာဂွါ နိုင်ငံတို့က သမ္မတ မာဒူရိုရဲ့ သစ္စာခံ မဟာမိတ်နိုင်ငံတွေ ဖြစ်ပါတယ်။ တောင်အမေရိကတိုက်နိုင်ငံများ ကုန်သွယ်ရေးအဖွဲ့ မယ်ရကိုဆိုး (Mercosur) အဖွဲ့ဝင်နိုင်ငံတွေက အဲဒီအစည်းအဝေးကို စောင့်ကြည့်အာမခံပေးကြမှာဖြစ်ပြီး ဆွေးနွေးမှုရဲ့ နောက်ဆုံးရလဒ်မှာ နောက်တကြိမ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ့်ရက် သတ်မှတ်ရေး၊ ရွေးကောက်ပွဲ ဘုတ်အဖွဲ့ကို အဖွဲ့ဝင်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရေးနဲ့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ အချက်တွေ ပါဝင်ရမယ်လို့ ပြောပါမယ်။ ဒါတင်သာမက သဘောတူညီချက်တိုင်းအတွက် ပြည်သူဆန္ဒကောက်ခံပွဲလည်း ကျင်းပရမယ်လို့ တောင်းဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
4 years Ago
More News
Up