ဆေးရုံတက်

May 28, 2018

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဘုရှ် သွေးဖိအားကျမှုကြောင့် ဆေးရုံတက်

အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်ဟာ သွေးဖိအားကျဆင်းပြီး မူးဝေမှုကြောင့် မေလ ၂၇ ရက်နေ့က ဆေးရုံတက်ခဲ့ရတယ်လို့ မိသားစုပြောခွင့်ရပုဂ္ဂိုလ်က တွစ်တာမှာ ဖော်ပြပါတယ်။ သမ္မတဟောင်း ဂျော့ခ်ျဘုရှ်ဟာ စောင့်ကြည့်လေ့လာမှု ခံယူဖို့အတွက် ဆေးရုံမှာ ရက်အနည်းငယ်လောက် နေရမှာဖြစ်တယ်လို့ အဲဒီပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဘုရှ်ဟာ ပြီးခဲ့တဲ့လက ဇနီးဖြစ်သူ ဘာဘရာ သေဆုံးပြီး နောက်တနေ့မှာလည်း ဆေးရုံတက်ခဲ့ရပါသေးတယ်။ ဘုရှ်နဲ့ ဘာဘရာတို့ရဲ့ အိမ်ထောင်သက် ၇၃ နှစ် ရှိတယ်လို့ သိရပြီး အသက် ၉၃ နှစ်အရွယ် ဂျော့ခ်ျအိတ်ခ်ျဒဗလျူဘုရှ်ဟာ သက်ရှိထင်ရှားရှိနေတဲ့ အမေရိကန်သမ္မတဟောင်းတွေအနက် အသက်အကြီးဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up