ဆေးခြောက်၊ အရက်နှင့် မဖွယ်မရာ ဝတ်ဆင်မှုများ မလုပ်တော့ဟု မိုင်လေးဆိုင်းရပ်စ် ကြေညာ (ရုပ်သံ)

May 5, 2017

ဆေးခြောက်၊ အရက်နှင့် မဖွယ်မရာ ဝတ်ဆင်မှုများ မလုပ်တော့ဟု မိုင်လေးဆိုင်းရပ်စ် ကြေညာ (ရုပ်သံ)

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ငွေကြယ်ပွင့် မိုင်လေး ဆိုင်းရပ်စ်က ဆေးခြောက်၊ အရက်နဲ့ မဖွယ်မရာ ဝတ်ဆင်တာတွေကနေ ကင်းကင်းနေတော့မယ်လို့ ကြေညာလိုက်ပါတယ်။ လူတွေက သူ့ကို ပိုပြီး အလေးအနက်ထားလာအောင် ကူညီမယ့် သီချင်း အယ်လ်ဘမ်သစ်ကို ထုတ်ဝေမယ်လို့လည်း ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဖြန့်ချိတဲ့ ဘီလ်ဘုတ်မဂ္ဂဇင်းနဲ့ လူတွေ့ မေးမြန်းခန်းမှာ ခုလို ပြောလိုက်တာပါ။ ဒစ်စနေး ရုပ်ရှင်ငွေကြယ်ပွင့်ဟောင်း အသက် ၂၄ နှစ်အရွယ် မိုင်လေး ဆိုင်းရပ်စ်က “ဆေးခြောက်မသုံး၊ မူးယစ်ဆေး မသုံး၊ အရက်မသောက်ဘဲ နေလာခဲ့လို့ ခုဆို လုံးဝ သန့်ရှင်းနေပြီ၊ သူလိုလိုချင်ချင် လုပ်ခဲ့တာ” လို့ ပြောပါတယ်။ သူ့ရဲ့ တကိုယ်တော်အခွေ မာလီဘူးကို မေ ၁၁ ရက်နေ့ ဖြန့်ချိမှာပါ။ သူနဲ့စေ့စပ်ထားတဲ့ ရုပ်ရှင်မင်းသား လီယံ ဟမ်းစ်ဝါ့သ်ကို တင်စားတဲ့ အချစ်သီချင်း တပုဒ်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က သူတို့လမ်းခွဲအပြီး မနှစ်က ပြန်ဇာတ်လမ်းဆက်ခဲ့တာပါ။ အယ်လ်ဘမ် အသစ်မှာ ဆိုင်းရပ်စ်ဟာ သူကိုယ်တိုင်ရေးထားတဲ့ အကော့စတစ် သီချင်းတွေနဲ့အတူ ဟီလာရီကလင်တန်အတွက် သီချင်းတပုဒ်ကိုလည်း ထည့်ထားပါတယ်။ NBC သတင်းဌာနရဲ့ သဗွိုက်စ် အစီအစဉ်က အကဲဖြတ် ဒိုင်လဲဖြစ်တဲ့ ဆိုင်းရပ်စ်က နိုင်ငံရေးနဲ့ ပတ်သက်ရင် ရှေးရိုးစွဲပိုဖြစ်တဲ့ ပရိသတ်တွေဆီ လက်လှမ်းမီချင်တယ်၊ သူနဲ့ သဘောမတူတဲ့ လူတွေနဲ့ စကားပြောရတာ ကြိုက်တယ်လို့လည်း ပြောခဲ့ပါတယ်။
4 years Ago
Up